Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အဝေးရောက်နယ်သားတစ်ဦးက မြိုင်ပကဖကိုကျပ်သိန်းငါးဆယ်လှူ

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တော်လှန်ရေးအဖွဲ့များအား ဒေသခံပြည်သူများက အိမ်ဝိုင်းများ၊ ကားဆိုင်ကယ်များ၊ လက်ဝတ်ရတနာများပါ ရောင်းချပြီး လှူဒါန်းနေသည်။

(ငွေကျပ်သိန်းငါးဆယ် လှူဒါန်းနေစဥ်။ ။ဓါတ်ပုံ-မြိုင်ပကဖ)
(ငွေကျပ်သိန်းငါးဆယ် လှူဒါန်းနေစဥ်။ ။ဓါတ်ပုံ-မြိုင်ပကဖ)

မ​ကွေးတိုင်း၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို အဝေးရောက်မြိုင်နယ်သားတစ်ဦးက တော်လှန်ရေးအတွက်သုံးစွဲရန် ငွေကျပ်သိန်းငါးဆယ်လှူဒါန်းခဲ့ကြောင်း မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ရန်ကြီးအောင်ဟု အမည်ဝှက်ပေးထားသူက မြိုင်ပကဖတာဝန်ခံ ကိုလယျာ်ထံသို့ တော်လှန်ရေးအရှိန် အဟုန်မြှင့်တင်ရန်နှင့် လက်နက်ခဲယမ်းဝယ်ယူရန် ငွေကျပ်သိန်း ငါးဆယ်တိတိ လာရောက်လှူဒါန်းခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

“သူကလှူဖို့စီစဥ်နေတာတော့ကြာပါပြီ။ သူကတခြားအဖွဲ့တွေကော ခွဲပြီးလှူတာပါ။ အဝေးရောက်မြိုင်နယ်သားပါ။”ဟု ကိုလယျာ်က ပြောသည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တော်လှန်ရေးအဖွဲ့များအား ဒေသခံပြည်သူများက အိမ်ဝိုင်းများ၊ ကားဆိုင်ကယ်များ၊ လက်ဝတ်ရတနာများပါ ရောင်းချပြီး လှူဒါန်းနေသည်။

You May Also Like

သတင်း

ဇန်နဝါရီ ၁၉ ရက်က မြိုင်မြို့နယ်၊ ကိုင်းတောမရှိ စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း

အဆိုပါ ဗဟင်းတိုက်နယ်ဆေးရုံသည် စစ်​ကောင်စီဝန်ထမ်းများစွန့်ပစ်သွားသဖြင့် NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကတာဝန်ယူဖွင့်လှစ်​ပေး​နေခြင်းဖြစ်သည်။

သတင်း

မကွေးတိုင်း မင်းလှမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လတ်တလောရင်ဆိုင်နေရသည့် အခက်အခဲကို မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ဖော်ပြောကြား​ခြင်းဖြစ်သည်။

သတင်း

ပြည်သူများ အယုံအကြည်ကင်းမဲ့လာခြင်း၊ အားကိုးစိတ်လျော့ကျလာခြင်း၊ ရွံကြောက်ကြီး ဖြစ်လာခြင်းတို့ ဖြစ်မလာစေရေးအတွက် နေထိုင်သွားလာ စားသောက်ပြောဆိုမှုတို့ကို သတိဖြင့် ဆင်ခြင်ရမည်ဖြစ်သည်ဟု ဆိုသည်။