Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လက်ပါးစေများ၊ ထောက်တိုင်များဖြင့် ပတ်သက်ခြင်း၊ ယှဉ်တွဲသွားလာခြင်းရှောင်ရှားရန် ပခုက္ကူ(ပကဖ)ကြေညာ

တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက လိုအပ်ချက်အရ အခါအားလျော်စွာ စစ်ဆေးမှု ပြုလုပ်သည့်အခါ ကြည်ဖြူစွာ စစ်ဆေးမှုခံယူရန် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်ပါးစေများ၊ ယင်းတို့၏ ထောက်တိုင်များနှင့် ပတ်သက်ဆက်နွယ်ခြင်း၊ ယှဉ်တွဲသွားလာခြင်းများ ရှောင်ရှားရန် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ ထုတ်ပြန်ကြေညာသည်။

ပခုက္ကူ – ကမ္မ- ပေါက်လမ်းပိုင်း၊ ကမ္မ-မြစ်ခြေ လမ်းပိုင်း တို့နှင့် ပတ်သက်၍ အသိပေးကြေညာချက်ကို ပခုက္ကူ(ပကဖ)က ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း အသိပေးထားခြင်းဖြစ်သည်။

ပခုက္ကူမြို့နယ်အတွင်း အထက်ပါ လမ်းပိုင်းနှင့် အနီးတဝိုက် နေထိုင်သွားလာနေကြသော ဒေခသံ ပြည်သူများအနေဖြင့် ဇန်နဝါရီ ၂၈ရက်မှစ၍ သိရှိလိုက်နာရမည့် အချက်များကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

အထက်ပါလမ်းပိုင်းများသို့ ဖြတ်သန်းသွားလာကြသည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်များ အနေဖြင့် နေ့စဉ် ညနေ ၆နာရီမှ နံနက် ၆နာရီ အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ၊ မော်တော်ကားများ မောင်းနှင်သွားလာရာ၌ ကားမှန်ချ၍အရှိန်လျှော့ မောင်းနှင်ကြရန် ထုတ်ပြန်ထားသည်။

တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက လိုအပ်ချက်အရ အခါအားလျော်စွာ စစ်ဆေးမှု ပြုလုပ်သည့်အခါ ကြည်ဖြူစွာ စစ်ဆေးမှုခံယူရန် ဖော်ပြထားသည်။

ယခု ကြေညာချက်ပါ အချက်များအား နောက်ထပ် တစုံတရာ မထုတ်ပြန်မချင်း လေးစားလိုက်နာကြရန် ထုတ်ပြန်ခဲ့ပြီး ပျက်ကွက်ပါက မြို့နယ်(ပကဖ)နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ အနေဖြင့် နောက်ဆက်တွဲ ကိစ္စရပ်များအားတာဝန်ယူမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

You May Also Like

သတင်း

တိုက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ရက်မှစ၍ ဝင်ရောက်တပ်စွဲကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ နှစ်ရက်ကြာတပ်စွဲဲပြီးနောက်ဇန်နဝါရီ ၂၄ရက်နံနက်တွင်ရွာမှ ထွက်ခွာသွားသည်ဟုဒေသခံများကပြောသည်။

သတင်း

စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းအပေါ် CNFက သဘောထား ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

သတင်း

နမ္မားမြို့မှဦးတင်ညွှန့်ဆိုသူအမျိုးသားသည် ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက မြို့ပေါ်လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခြင်းဟုဒေသခံများကပြောသည်။

သတင်း

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ၂ဦးသည် ကျော်ဘုတ်ရပ်ကွက် စစ်ကောင်စီ ဂိတ်စောင့်တပ်သားများကို ထမင်းလိုက်ပို့သည့် စစ်သားများ ဖြစ်ပြီး ၎င်းတို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။