Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်နယ်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ ပြည်သူများ၏ ငြိုငြင်မှုမခံရစေရေးပြုမူနေထိုင်ရန် မြို့နယ်(ပကဖ)တိုက်တွန်းနှိုးဆော်

ပြည်သူများ အယုံအကြည်ကင်းမဲ့လာခြင်း၊ အားကိုးစိတ်လျော့ကျလာခြင်း၊ ရွံကြောက်ကြီး ဖြစ်လာခြင်းတို့ ဖြစ်မလာစေရေးအတွက် နေထိုင်သွားလာ စားသောက်ပြောဆိုမှုတို့ကို သတိဖြင့် ဆင်ခြင်ရမည်ဖြစ်သည်ဟု ဆိုသည်။

ယင်းမာပင်နယ်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဖကဖများ ပြည်သူများ၏ ငြိုငြင်မှုမခံရစေရေးပြုမူနေထိုင်ရန် မြို့နယ်(ပကဖ)တိုက်တွန်းနှိုးဆော်
ယင်းမာပင်နယ်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဖကဖများ ပြည်သူများ၏ ငြိုငြင်မှုမခံရစေရေးပြုမူနေထိုင်ရန် မြို့နယ်(ပကဖ)တိုက်တွန်းနှိုးဆော်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ တပ်ရင်းများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့အားလုံးအနေဖြင့် နိုင်ငံကတာ လူသားချင်းဆိုင်ရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် ပြည်သူများ၏ ငြိုငြင်မှုမခံရစေရေး ပြုမူနေထိုင်ပြောဆိုကြရန် မြို့နယ်(ပကဖ)က ဇန်နဝါရီ ၁၅ရက် ထုတ်ပြန်ထားသည်။

ပြည်သူများ အယုံအကြည်ကင်းမဲ့လာခြင်း၊ အားကိုးစိတ်လျော့ကျလာခြင်း၊ ရွံကြောက်ကြီး ဖြစ်လာခြင်းတို့ ဖြစ်မလာစေရေးအတွက် နေထိုင်သွားလာ စားသောက်ပြောဆိုမှုတို့ကို သတိဖြင့် ဆင်ခြင်ရမည်ဖြစ်သည်ဟု ဆိုသည်။

ယင်းမာပင်မြို့နယ်အတွင်း အခြေချ တည်ထောင်စခန်းချလျက်ရှိသော တပ်ရင်းများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ ပကဖ အဖွဲ့များအားလုံးအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်မည်ဆိုသည့် သစ္စာဓိဌာန်နှင့်အညီ ပြည်သူများအပေါ် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ စစ်သား၊ ရဲများကဲ့သို့ ပြည်သူများအပေါ် လက်နက်အားကိုး အနိုင့်အထက်ပြုဆက်ဆံခြင်း၊ ပစ္စည်းဥစ္စာများ မတရားသိမ်းယူခြင်း၊ ဆက်ကြေးတောင်းသကဲ့သို့ ဒဏ်တပ်ရိုက်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ လိင်တူ၊ လိင်ကွဲ များအပေါ် ကျူးလွန်ထိပါးစော်ကားခြင်းများ မပြုကြရန် ထုတ်ပြန်သည်။

ပြည်သူများအပေါ် ဖေးမကူညီခြင်း၊ ကြင်နာသနားခြင်း၊ သီးခံခွင့်လွှတ်ခြင်း၊ ကိုယ်ချင်းစာ တရားဖြင့် နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေများ နှင့်အညီ လိုက်နာဆောင်ရွက်ပေးကြရန် နှင့် ဥပဒေအထက်တွင် မည်သူမျှ မရှိသောစနစ်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက်ပေးကြရန် တိုက်တွန်းနှိုးဆော် ကြောင်း ဖော်ပြထားသည်။

ထို့ပြင် သွေးထိုးမှု၊ သပ်လျှိုမှုများကြောင့် တော်လှန်ရေးဘက်တော်သားအချင်းချင်းကြား စိတ်ဝမ်းကွဲခြင်း သံသယဖြစ်ခြင်း စည်းလုံးညီညွတ်မှုပြိုကွဲခြင်း များ ဖြစ်ပေါ်လာတက်၍ သဘောထားကွဲလွဲမှုများကို ဖြေဖျောက် ကြရန်၊ သဘောထားပြည့်၀ကြရန်နှင့် ပြန်လည်စည်းလုံးညီညွတ်မှု လမ်းကြောင်းကို လျှောက်လှမ်းကြရန် လိုအပ်ကြောင်း၊ လက်နက်ကိုင်တပ်ရင်း တပ်ဖွဲ့များ၏ ခေါင်းဆောင်များသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိရဲဘော်များ အားလည်းကောင်း အစဉ်အမြဲကူညီပံ့ပိုးလျက်ရှိသည့် မိမိတို့၏ ကျေးဇူးရှင်ပြည်သူများအပေါ် မစော်ကားမိစေရန် မရိုင်းပြမိစေရန် သတိကပ်ဆုံးမနေသင့်ကြောင်း ထုတ်ပြန်ခဲ့သည်။

You May Also Like

သတင်း

'နန်းထိုက်အောင်စစ်ဆင်ရေး'တွင် ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

သတင်း

ယမန့်နေ့(နိုဝင်ဘာ ၁၅ ရက်) နံနက် ၁၀နာရီခန့်က စစ်ကောင်စီတပ်ဝင်းအတွင်းရှိ ကင်းစခန်းအထိ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်သဖြင့် PDF ဒု-တပ်စိပ်မှူးနှစ်ဦး ထိမှန်ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်မှ သေဆုံးမှုရှိမရှိကို လတ်တလော အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီတပ်မှ လေးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

သတင်း

လက်ရှိတွင် ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသော ပြည်သူများအား စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။