Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူအပေါ် မထူးဇာတ်ခင်းအကြမ်းဖက်နေသည့်စစ်ကောင်စီဖြုတ်ချရေးဆက်လက်တိုက်ပွဲဝင်မည်ဟုCNF ထုတ်ပြန်

စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းအပေါ် CNFက သဘောထား ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

ပြည်သူအပေါ် မထူးဇာတ်ခင်းအကြမ်းဖက်နေသည့်စစ်ကောင်စီဖြုတ်ချရေးဆက်လက်တိုက်ပွဲဝင်မည်ဟုCNF ထုတ်ပြန်
ပြည်သူအပေါ် မထူးဇာတ်ခင်းအကြမ်းဖက်နေသည့်စစ်ကောင်စီဖြုတ်ချရေးဆက်လက်တိုက်ပွဲဝင်မည်ဟုCNF ထုတ်ပြန်

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်သည် မြန်မာ့နိုင်ငံရေးတွင် ၎င်းတို့ တရားဝင် ရပ်တည်နိုင်ရန် နိုင်ငံရေး ထွက်ပေါက်အဖြစ် အပြစ်မဲ့ ပြည်သူလူထုအပေါ် မထူးဇာတ်ခင်း အကြမ်းဖက်နေခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF)က ထုတ်ပြန်သည်။

စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းအပေါ် CNFက သဘောထား ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

ပြည်သူအပေါ် မထူးဇာတ်ခင်းအကြမ်းဖက်နေသည့်စစ်ကောင်စီဖြုတ်ချရေးဆက်လက်တိုက်ပွဲဝင်မည်ဟုCNF ထုတ်ပြန်
ပြည်သူအပေါ် မထူးဇာတ်ခင်းအကြမ်းဖက်နေသည့်စစ်ကောင်စီဖြုတ်ချရေးဆက်လက်တိုက်ပွဲဝင်မည်ဟုCNF ထုတ်ပြန်

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖြုချပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း CNFက သဘောထား ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ CNF ဌာနချုပ်ကို ဇန်နဝါရီ ၁၀ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNF တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူများရှိခဲ့သည်။

Public Service Announcement
Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်သည် ချင်းပြည်နယ် မင်းတပ်မြို့နယ် အတွင်း ရှိ အရပ်သားပြည်သူများကို ဦးတည်ပြီး ဇန်နဝါရီ လအတွင်း လေကြောင်း တိုက်ခိုက်မှု ၈ကြိမ်ပြုလုပ်ခဲ့ရာ ဘုန်းကြီးကျောင်းများ၊ အရပ်သားပြည်သူ စစ်ဘေးရှောင်များ ဖွင့်လှစ်ထားသည့် ဆေးခန်းနှင့် စစ်ဘေးရှောင်စခန်းများ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟုဆိုသည်။ ထို့ပြင် စစ်ရှောင် ပြည်သူ ၄ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

You May Also Like

သတင်း

တိုက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ရက်မှစ၍ ဝင်ရောက်တပ်စွဲကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ နှစ်ရက်ကြာတပ်စွဲဲပြီးနောက်ဇန်နဝါရီ ၂၄ရက်နံနက်တွင်ရွာမှ ထွက်ခွာသွားသည်ဟုဒေသခံများကပြောသည်။

သတင်း

တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက လိုအပ်ချက်အရ အခါအားလျော်စွာ စစ်ဆေးမှု ပြုလုပ်သည့်အခါ ကြည်ဖြူစွာ စစ်ဆေးမှုခံယူရန် ဖော်ပြထားသည်။

သတင်း

နမ္မားမြို့မှဦးတင်ညွှန့်ဆိုသူအမျိုးသားသည် ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက မြို့ပေါ်လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခြင်းဟုဒေသခံများကပြောသည်။

သတင်း

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ၂ဦးသည် ကျော်ဘုတ်ရပ်ကွက် စစ်ကောင်စီ ဂိတ်စောင့်တပ်သားများကို ထမင်းလိုက်ပို့သည့် စစ်သားများ ဖြစ်ပြီး ၎င်းတို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။