Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်စခန်းအား PDF နှင့် KNDF တိုက်ခိုက်

မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင် ကျူး​ကျော်တပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိုးဗြဲရေလှောင်တမံရှိ တပ်စခန်းတို့ကို ဇန်နဝါရီ ၂၄ ရက်ည ၈ နာရီခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်စခန်းအား PDF နှင့် KNDF တိုက်ခိုက်
မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်စခန်းအား PDF နှင့် KNDF တိုက်ခိုက်

မိုးဗြဲမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၃ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင် ကျူး​ကျော်တပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိုးဗြဲရေလှောင်တမံရှိ တပ်စခန်းတို့ကို ဇန်နဝါရီ ၂၄ ရက်ည ၈ နာရီခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

“ညောင်းဝိုင်းဘက်မှာက သူတို့ တပ်စွဲထားတာ သုံးလကျော်လောက်ရှိပြီ။အင်အားအရ ၈၀ လောက်ရှိတယ်။ ကိုယ့်ဘက်က ပြောက်ကျားစစ် နဲ့ သွားတိိုက်ခဲ့တယ်။ ဒီလိုပဲ မိုးဗြဲရေလှောင်တမံဘက်မှာလည်း တပ်ရင်း တစ်ရင်းစာလောက်ရှိမယ်။အဲဒီဘက်မှာတော့ သူတို့ဘက်က ကျည်ထိတဲ့သူ နှစ်ယောက်လောက်ရှိတာ မျက်မြင်အတည်ပြုနိုင်ခဲ့တယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ညောင်ဝိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကိို KNDF B-03နှင့်အတူ မိုးဗြဲ PDF တပ်ရင်း (၁)တို့ပူးပေါင်းပါဝင်ခဲ့ပြီး ၁နာရီဝန်းကျင်မျှ ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် ဖယ်ခုံအမြောက်တပ်မှ ပြည်သူများနေအိမ်ပေါ်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထို့အပြင် ပစ်ခတ်မူပြီးဆုံးချိန်တွင်လည်း ညောင်ဝိုင်းရပ်ကွက်ရှိ ပြည်သူနေအိမ်တစ်လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

မိုးဗြဲရေလှောင်တမံရှိ တပ်စခန်း တိုက်ခိုက်မှုတွင်လည်း ၁နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး ပစ်ခတ်မူ့ နေရာ နှစ်ခုလုံးတွင် ရန်သူထိခိုက်ကျဆုံးမှုများရှိပြီး ထိခိုက်ကျဆုံးမှုဦးရေ အတည်မပြုနိုင်သေးပေ။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထိခိုက်မှုတစ်စုံတစ်ရာမရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းလည်း သိရသည်။

You May Also Like

သတင်း

၀က်လက်မြို့နယ် အနောက်ဘက်ခြမ်းတွင် အင်အား ၆ဝကျော်ပါ စစ်ကောင်စီတပ်သည် သုံးရက်ဆက် တစ်ရွာ၀င်တစ်ရွာထွက် လုယက် မီးရှို့နေပြီး သိမ်းသွားသည့်ပစ္စည်းများအား လှတောစခန်းသို့ပို့နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

KIA အနေဖြင့်လည်း ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညှိနှိုင်းမှုမပြုသည့် သဘောကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်လာနိုင်သည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

ရွှေတောင်မေတ္တာ အခမဲ့ ပရဟိတဆေးခန်းဟာ မုံရွာမြို့ ၊ကူးတို့ကုန်းရပ်ကွက် ၊ပြည်လုံးချမ်းသာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတာဖြစ်ပြီးနေ့စဉ် လူနာ ၁၀၀ နီးပါး ကုသပေးနေရတယ်လို့သိရပါတယ်။

သတင်း

ဆယ်ဇင်းဒေသရှိ အခြားဒေသခံတစ်ဦးကလည်းစစ်ကောင်စီတပ်နှင့်ရှမ်းနီပူးပေါင်းတပ်စွဲထားသောဆည်ဆင်းကျေးရွာမှ ရွှေသွေးဂိတ်ကို KIA/PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ရွှေသွေးဂိတ် ပြာကျသွားသည်ဟု ပြောသည်။