Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ် အင်းပတ်ကွေ့နှင့်ရွာသစ်ကုန်းရှိ စစ်အုပ်စုစခန်း အနီးကပ်ပစ်ခတ်တိုက်ရာ ထိခိုက်မှုရှိဟု KSO ပြော

အင်းပတ်ကွေ့နှင့် ရွာသစ်ကုန်းရှိ စစ်ကောင်စီတပ်နှင့်ပျူများသည် ရေဦးနယ်နှင့် ဒီပဲယင်းမြို့နယ်ဘက်သို့ အကူးအသန်းပြုလုပ်၍ တပ်ကူလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

KSO အဖွဲ့ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-KSO
KSO အဖွဲ့ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-KSO

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ကွေ့နှင့် ရွာသစ်ကုန်းရှိ စစ်ကောင်စီတ​ပ်နှင့်ပျူစခန်းအား တပြိုင်နက်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း Khin U Special Force Organization -KSO၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၅ ရက်)နံနက် ၁၁နာရီခွဲခန့်က ခင်ဦးနယ် အင်းပတ်ကွေ့ဈေးတန်း အထိုင်ချစခန်းနှင့် ရွာသစ်ကုန်းရှိ ပျူစောထီးစခန်းတို့အား လက်လုပ် နှစ်ဆင့်ကွဲ(၁၈)လုံးတိတိ ချဥ်းကပ်ပစ် ခတ်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူများ ငါးဦးသေဆုံးပြီး ထိခိုက်မှုများရှိကြောင်း KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ရွာသစ်ကုန်းနဲ့အင်းပတ်ကွေ့က ပေနှစ်ရာသုံးရာလောက်ပဲဝေးမယ်။ တပြိုင်တည်းတိုက်တာပါ။ အနီးအဖွဲ့ကသပ်သပ် အဝေးအဖွဲ့က သပ်သပ် တိုင်မင်ခေါ်ပြီးတိုက်ရတာပေါ့။ တစ်နာရီလောက် တော့ကြာမယ်”ဟု KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အင်းပတ်ကွေ့နှင့် ရွာသစ်ကုန်းရှိ စစ်ကောင်စီတပ်နှင့်ပျူများသည် ရေဦးနယ်နှင့် ဒီပဲယင်းမြို့နယ်ဘက်သို့ အကူးအသန်းပြုလုပ်၍ တပ်ကူလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို KSOတပ်ဖွဲ့၊KDK၊Local Brothers၊Wolf Guerrilla (Ye-U)၊FAF၊PDAနှင့် တပ်ရင်း၂၀ခွဲ-၃တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဇန်နဝါရီ ၂၄ ရက် မွန်းလွဲပိုင်းက အင်းပတ်ကွေ့နှင့်ရွာသစ်ကုန်းရှိ စစ်ကောင်စီတပ်နှင့် ပျူများသည် အင်းပတ်ကျေးရွာ အနောက်မြောက်ရှိ ငှက်ပျောခြံများ၊လျှော်ဖြူခြံများ၊ ခြုံနွယ်များအား မီးတင် ရှို့ခဲ့ရာ မီးများခဲ့ပြီး ကျေးရွာအတွင်းထိ မီးကူးစက်ကာ နေအိမ်နှစ်လုံးနှင့် မီးဖိုတဲတစ်ခု မီးထဲပါသွားခဲ့ကြောင်း သိရသည်။

You May Also Like

သတင်း

ယနေ့နံနက် ၈နာရီခွဲခန့်က မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်အတွင်းနေထိုင်သည့် စစ်တပ်အရာရှိ ဗိုလ်မှူးဟောင်း ကျော်မင်းသန်းနှင့် ၎င်း၏ဇနီး စောမွန်မြတ်ဆိုသူ လင်မယားနှစ်ဦးကို ရန်ကုန် UG အဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီဘက်က ၁၂ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်များလည်းထိခိုတ်ဒဏ်ရာရရှိခဲ့ကြောင်း PAFD၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၂၃ ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့နယ် တောင်ပိုင်းရှိ သီးခြောက်ကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဇန်နဝါရီ ၂၀ ရက် ည ၇နာရီခန့်က ဝက်လက်မြို့ပေါ်မှ ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူများအား ဘက်စုံမူးဘောင်အနီးတွင် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် သုံးဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း GZ Special Task Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။