Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယ၏ ဒီမိုကရေစီမီးရှုးတန်ဆောင် မြန်မာပြည်သူများအပေါ်တွင်လည်း ထွန်းလင်းနိုင်ပါစေဟု NUG သဝဏ်လွှာပို့

အိန္ဒိယ၏ ဒီမိုကရေစီမီးရှုးတန်ဆောင်သည် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများအပေါ်တွင်လည်း ထွန်းလင်းနိုင်ပါစေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုမွန်ကောင်းတောင်း သည်။

(ယနေ့ကျရောက်သည့် အိန္ဒိယနိုင်ငံ၏ (၇၄) နှစ်‌မြောက် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနား ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး၌ ပြုလုပ်နေစဉ်၊ ဓာတ်ပုံ - အိန္ဒိယသံရုံး)
(ယနေ့ကျရောက်သည့် အိန္ဒိယနိုင်ငံ၏ (၇၄) နှစ်‌မြောက် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနား ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး၌ ပြုလုပ်နေစဉ်၊ ဓာတ်ပုံ - အိန္ဒိယသံရုံး)

အိန္ဒိယ၏ ဒီမိုကရေစီမီးရှုးတန်ဆောင်သည် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများအပေါ်တွင်လည်း ထွန်းလင်းနိုင်ပါစေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုမွန်ကောင်းတောင်း သည်။

ယနေ့ကျရောက်သည့် အိန္ဒိယနိုင်ငံ၏ (၇၄) နှစ်‌မြောက် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က သဝဏ်လွှာ ပေးပို့ခဲ့ရာ ‘အိန္ဒိယပြည်သူအများ ငြိမ်းချမ်းသာယာရှိပါစေ၊ အိန္ဒိယသမ္မတနိုင်ငံတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေ’ ဟုလည်း ဖော်ပြသည်။

ဝန်ကြီးဒေါ်ဇင်မာအောင်က ယခုမြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ရုန်းကန် တိုက်ပွဲဝင်နေမှုကို အိန္ဒိယနိုင်ငံမှ နားလည် သဘောပေါက်လိမ့်မည်ဟု မျှော်လင့်မိကြောင်းနှင့် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူများအနေနှင့် အိန္ဒိယနိုင်ငံ၏ ဒေသတွင်း အရေးပါမှုကို နားလည်သဘောပေါက်ထားကြောင်း ထည့်သွင်း ရေးသားသည်။

NUGနှင့် မြန်မာပြည်သူများ မျှော်မှန်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်သည် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ဖြန့်ကျက်စေနိုင်ပြီး အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွား၊ စီးပွားရေးစီမံကိန်းများကို ပိုမို၍ အကျိုးဖြစ်ထွန်းစေမည်သာ ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

အနာဂတ်နိုင်ငံတော်သစ်တွင် အိန္ဒိယနိုင်ငံနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိုသာ NUG က မျှော်မှန်းထားကြောင်း ဆက်လက်ဖော်ပြသည်။

You May Also Like

သတင်း

​နွေဦး​တော်လှန်​ရေးတွင် NUG ၏ ပြည်သူလူထုအင်အားဖြင့် ရန်ပုံ​ငွေရှာ​ဖွေ​သောအစီအစဥ်များကို နိုင်ငံတကာက ချီးကျူးအသိအမှတ်ပြုကြသည်ကို​တွေ့ရသည်။

သတင်း

NUG၏​နွေဦး​တော်လှန်​ရေး ရန်ပုံငွေရှာဖွေရေးအဖွဲ့ဖြစ်သည့် EOD အဖွဲ့က Spring Yangon Investment အဆင့် -၃ အဖြစ် ကွန်ဒိုတိုက်ခန်း ၈၅၀နှင့် ရိုးရိုးတိုက်ခန်း ၂၅၀၀ကို ကြိုပွိုင့်စနစ်ဖြင့်ရောင်း​နေသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မကြာသေးမီကလည်း ကော်ဘရာ စစ်ကြောင်းနှင့် ဒေါနစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲများ၌ ရဲဘော်များအား လက်နက်များ ပေးအပ်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၂၃ ရက်နေ့ရက်စွဲဖြင့် အတည်ပြုထုတ်ပြန်ခဲ့သော အွန်လိုင်းအခြေပြု ပြည်သူ့ပညာရေးကျောင်းများတွင် ဖက်ဒရယ်ပညာရေးကျောင်းပေါင်း (၃၃)ကျောင်းပါဝင်သည်။