Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာ၌ ယနေ့နံနက် တိုက်ပွဲပြင်းထန်

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း ကော့ကရိတ်တွင် သံချပ်ကာယာဉ်၊ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများအသုံးပြုပြီး စစ်ရေးလှုပ်ရှားခဲ့သည်ဟု ဆိုသည်။

(KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား ကော့ကရိတ်တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး)
(KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား ကော့ကရိတ်တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး)

ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တွင် ယနေ့ ဒီဇင်ဘာ ၃၁ရက် နံနက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံက ပြောသည်။

ယနေ့နံနက် ၇နာရီ ၄၀ ခန့်မှစ၍ တိုက်ပွဲစတင်ခဲ့ပြီး ယခုအချိန်ထိ လက်နက်ကြီး ပစ်ခတ်မှုများရှိနေသည်ဟု ဆိုသည်။

(KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား ကော့ကရိတ်တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး)
(KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား ကော့ကရိတ်တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး)

“ဒီမနက် တိုက်ပွဲဖြစ်တယ်။ ပွဲကြမ်းတယ်။ ဒီမနက်က ရင်ဆိုင်တိုက်ပွဲဖြစ်နိုင်တယ်။ အလုံးကြီး (လက်နက်ကြီး)ကလည်း မိုးရွာသလိုပဲ ကြဲချတာကိုး။ ဖြစ်တာက ကော့နွဲ့မှာပဲ။ ညတုန်းက သူတို့နေရာယူဖို့ ကြိုးစားနေတာ၊ အခုလည်း သူတို့နေရာယူဖို့ ကြိုးစားနေတာ”ဟု ဒေသခံက ပြော သည်။

တိုက်ပွဲတွင် ထိခိုက်နစ်နာမှု အခြေအနေများကို မကြားသိရသေးဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း ကော့ကရိတ်တွင် သံချပ်ကာယာဉ်၊ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများအသုံးပြုပြီး စစ်ရေးလှုပ်ရှားခဲ့သည်ဟု ဆိုသည်။

ကော့ကရိတ်တိုက်ပွဲသည် ဒီဇင်ဘာ ၁၆ရက်က စ၍ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး နှစ်ပတ်ကျော်ကြာပြီဖြစ်သည်။

တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

You May Also Like

သတင်း

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးမှုများရှိခဲ့ကြောင်း ဖော်ပြသည်။

သတင်း

နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ် အခြားသော ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည်သာလျှင် အပြစ်ရှိသူများဖြစ်ပြီး ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမည့်သူများ ဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

ကော့နွဲ့၊ အန်ကလော်ရွာနှင့် မြို့ဟောင်းရွာ အနီးအနားသို့ စစ်ကောင်စီတပ်က ယနေ့နေ့လယ်ပိုင်းအထိ လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ဆိုသည်။

သတင်း

(၄၅)မိနစ်ခန့်ကြာတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ အရာရှိ(၁)ဦးအပါအဝင်(၆)ဦး သေဆုံးခဲ့ပြီး (၁၂)ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ​ပဲခူးခရိုင်PDF ကထုတ်ပြန်သည်။PDFများမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။