Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUG စာသင်ကျောင်းသို့ ကျောင်းသုံးစာအုပ်များ လှူသည်ဟုဆိုကာ အင်းတော်ဒေသခံကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကောင်စီတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းပြီး စာရေးကိရိယာပစ္စည်းအစုံအား သိမ်းဆည်းသွားသည်ဟု Indaw Revolutionက ဖော်ပြသည်။

NUG စာသင်ကျောင်းသို့ ကျောင်းသုံးစာအုပ်များ လှူသည်ဟုဆိုကာ အင်းတော်ဒေသခံကို စစ်ကောင်စီ ဖမ်းဆီး
NUG စာသင်ကျောင်းသို့ ကျောင်းသုံးစာအုပ်များ လှူသည်ဟုဆိုကာ အင်းတော်ဒေသခံကို စစ်ကောင်စီ ဖမ်းဆီး

▪️တစ်ပတ်အတွင်း ပြည်သူသုံးဦး ဖမ်းဆီးခံရဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စာသင် ကျောင်းများသို့ ဗလာစာအုပ်များနှင့် စာရွက်စာတမ်းများ ပစ္စည်းများ လှူဒါန်းနေသည်ဟုဆိုကာ စာရေးကိရိယာဆိုင်ပိုင်ရှင်တစ်ဦးအား စစ်ကောင်စီက ဖမ်းသွားကြောင်း အင်းတော်ဒေသခံက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကသာခရိုင်၊အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်ရှိ သားချော စာရေးကိရိယာဆိုင် ပိုင်ရှင် ဦးချစ်ကိုကို(ခ) ဦးဖိုးစီအား ဇန်နဝါရီ ၂၃ရက်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းပြီး စာရေးကိရိယာပစ္စည်းအစုံအား သိမ်းဆည်းသွားသည်ဟု Indaw Revolutionက ဖော်ပြသည်။

“အခုတစ်ပတ်အတွင်းမှာ သုံးယောက်ဖမ်းခံရတာပေါ့။တစ်ယောက်ကကျတော့ NUG ကို စာအုပ်တွေလှူတယ် စာရေးကိရိယာ ပစ္စည်းတွေလှူတယ်ဆိုပြီးတော့ပေါ့။နောက်ထပ် လင်မယားနှစ်ယောက်ကျတော့ PDFနဲ့ အဆက်အစပ်ရှိတယ်ဆိုပြီး ဖမ်းတာပေါ့”ဟု အင်းတော်ဒေသခံက ပြောသည်။

ဇန်နဝါရီ ၂၄ရက်က အင်းတော်နယ် အောင်မင်္ဂလာရပ်ကွက်ရှိ ဒေါ်သစ်ဆုံ စားသောက်ဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးမြဝင်း(ခ)ကံထူးအောင်နှင့် ဇနီးဖြစ်သူ စန်းစန်းကြည်(ခ)ဒေါ်သစ်ဆုံတို့အား PDFနှင့် ဆက်နွယ်နေသည်ဟုစွတ်စွဲပြောဆိုကာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Indaw Revolutionက ဖော်ပြသည်။

အဆိုပါ ပြည်သူသုံးဦးကို အင်းတော်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း စစ်ကောင်စီ ဝါဒဖြန် Fifty Two News Telegram Channelတွင် ဖော်ပြထားသည်ဟု ဆိုသည်။

You May Also Like

သတင်း

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် သတင်းထုတ်ပြန်မှုနောက်ကျရခြင်းဖြစ်ကြောင်း Mother Heros Local PDFက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

နိုင်ငံရေးအကဲခတ်တွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဥပဒေသစ်မှာ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံခိုင်ရေးပါတီကို အသာရစေတဲ့ ဥပဒေဖြစ်ပြီး NLD ပါတီကို ဖိနှိပ်ထားတဲ့ ဥပဒေ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

သတင်း

ဇန်နဝါရီ ၂၆ရက်က ကျင်းပသည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးချုပ်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများစတင်ဆောင်ရွက်နေပြီး မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေသည့် စစ်အုပ်စုကိုလည်း တော်လှန်ရေးအင်အားစုများက တန်ပြန်သတိပေးအရေးယူမှုများ ပြုလုပ်နေပြီဖြစ်သည်။