Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ နှိုးဆော်

“တသံတည်းညီ တချီတည်းရုန်း”ဆိုသည့် ခေါင်းစဥ်ဖြင့်ပြုလုပ်မည့် အဆိုပါ ပြည်သူ့နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် လူထုတိုက်ပွဲကို ဖေဖော်ဝါရီ ၁ရက် နံနက် (၁၀)နာရီမှ ညနေ (၃) နာရီအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးထုတ်ပြန်သည်။

နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ နှိုးဆော်
နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် ဖေဖော်ဝါရီ ၁ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ နှိုးဆော်

စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် နွေဦးတော်လှန်ရေး (၂)နှစ်ပြည့်အဖြစ် လာမည့်ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်လုံးကျွတ် အသံတိတ်သပိတ် (Silent Strike) ထပ်မံပုံဖော် ပြလုပ်ကြရန် တော်လှန်ရေးအင်အားစုများက ယနေ့ (ဇန်နဝါရီ ၂၈) တိုက်တွန်း နှိုးဆော်ခဲ့သည်။

“တသံတည်းညီ တချီတည်းရုန်း”ဆိုသည့် ခေါင်းစဥ်ဖြင့်ပြုလုပ်မည့် အဆိုပါ ပြည်သူ့နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် လူထုတိုက်ပွဲကို ဖေဖော်ဝါရီ ၁ရက် နံနက် (၁၀)နာရီမှ ညနေ (၃) နာရီအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးထုတ်ပြန်သည်။

“တိတ်ဆိတ်ခြင်းရဲ့ ကျယ်လောင်တဲ့ အသံတွေနဲ့ စစ်အာဏာရှင်ကို ခြောက်ခြား တုန်လှုပ်အောင် အကြိမ်ကြိမ် အခါခါ ပြုလုပ်ပြီးခဲ့ကြပြီးပါပြီ။ လာမယ့် ဖေဖော်ဝါရီလ ၁ရက်နေ့ဟာ စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချိန် ၊ ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်ချိန်လည်း ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ ကမ္ဘာကြီးကို ကျွန်တော်တို့ ပြည်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ဖိနှိပ်မှုတွေကြားထဲကပဲ ရရာနည်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြောင်း ထပ်မံမှတ်ကျောက်တင်ဖို့ လိုပါတယ် “ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB)က ဆိုသည်။

အဆိုပါ ဖေဖော်ဝါရီ ၁ ရက် Silent Strike အချိန်တွင် ပြည်သူများအနေဖြင့် အပြင်ကို (လုံးဝ) မထွက်ကြဘဲ မိမိတို့ အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ လမ်းမထက်တွင် လူသူကင်းမဲ့ ခြောက်သွေ့ တိတ်ဆိတ်နေခြင်းဖြင့် စစ်ကောင်စီကို ကြောက်လန့်စေရန်၊ ပြည်သူတစ်ရပ်လုံး သွေးမအေးသေးဘဲ စစ်အာဏာရှင်ကို ဆက်လက် တော်လှန်နေဆဲ ဖြစ်ကြောင်း ပြသရန် တော်လှန်ရေးအင်အားစုများက လူထုအား တိုက်တွန်းခဲ့သည်။

ထိုသို့ ပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်နေဆဲ ဖြစ်ကြောင်းနှင့် စစ်ကောင်စီက ပြင်ဆင်နေသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကိုလည်း လက်သင့်မခံကြောင်းကိုပါ တပါတည်း ကမ္ဘာသိအောင် ထုတ်ဖော်ပြသနိုင်မည် ဖြစ်ကြောင်းကိုလည်း GSCB က ဆိုသည်။

ထို့​ကြောင့် ပြည်သူများအနေဖြင့် ဖေဖော်ဝါရီ ၁ ရက် Silent Strike တွင် ပူးပေါင်း၍ “တသံတည်းညီ တချီတည်းရုန်း” ရင်း ၂၀၂၃ တော်လှန်နှစ်၏ အဆုံးသတ်အတွက်၊ အဆုံးအဖြတ်အဖြစ် ဆက်လက်တိုက်ပွဲဝင်ကြရန်လည်း တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံခဲ့သည်။

“တော်လှန်ရေး (၂)နှစ်ပြည့်တဲ့အချိန်မှာ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူး ဆိုတာကို ကမ္ဘာသိ၊ မြန်မာသိဆက်လက် ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ အရေးပေါ်အခြေအနေ သက်တမ်းကုန်ဆုံးမယ့်နေ့လည်းဖြစ်တာမို့ ကမ္ဘာကြီးက အဲ့နေ့မှာ မြန်မာ့အရေးကို ပိုလို့ စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါလိမ့်မယ်။ ဒါ့ကြောင့် ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်တဲ့ (ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ကြီး ဖော်ဆောင်၊ ဆင်နွှဲကြဖို့ ဖြစ်ပါတယ် “ဟု နွေဦးတော်လှန်ရေးသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုတေဇာဆန်းကလည်း ၎င်း​၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

You May Also Like

သတင်း

အသံတိတ်သပိတ်ကို နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ (၂)နာရီသာ ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူထားကာ အသံတိတ်သပိတ်၌ ပါဝင်ပေးရန် DYCက မေတ္တာရပ်ခံထားသည်။

သတင်း

စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ အားလုံးအနက် အမျိုးသမီးဦးရေမှာ ၁၃.၁ ရာခိုင်နှုန်းပါဝင်ပြီး စစ်ကိုင်းတိုင်းမှ ၁၇၁ ဦးဖြင့် အများဆုံးဖြစ်သည်။

သတင်း

ယင်းရန်ပုံငွေ ဘောလုံးပွဲအခမ်းအနားကို "အားကစားဖြင့်တော်လှန်မည်" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဘောလုံးအသင်း ၁၀သင်းခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

သတင်း

တော်လှန်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေးအတွက် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရန် ကြိုပမ်းရာအချို့ကိုလူသိရှင်ကြား ထိတွေ့ဆက်ဆံနေပြီးအချို့ကို လူမသိ သူမသိ ချိတ်ဆက်မှုရှိကြောင်း ယာယီသမ္မတက ပြောသည်။