Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းတွင် နေအိမ်မီးရှို့ခံရသည့်ပြည်သူများအတွက် နေအိမ်တစ်ထောင်ဆောက်လုပ် လှူဒါန်းပေး

စစ်ကိုင်းတိုင်းအတွင်းရှိ မီးဘေးသင့်ပြည်သူများ နေထိုင်ရန် အိမ်အလုံး တစ်ထောင် တည်ဆောက် နေပြီး ယခုအချိန်ထိ အိမ်အလုံးပေါင်း ၃၀၀ကျော်ဆောက်လုပ်လှူဒါန်းထားပြီးဖြစ်ကြောင်း S&C အဖွဲ့က ပြောသည်။

S&C က ပြန်လည်ဆောက်လုပ်လှူဒါန်းပေးနေသောနေအိမ်များ၊ ဓာတ်ပုံ-S&C
S&C က ပြန်လည်ဆောက်လုပ်လှူဒါန်းပေးနေသောနေအိမ်များ၊ ဓာတ်ပုံ-S&C

▪️နေအိမ်၆၀၀ ကျော်အတွက် ပူးပေါင်းပါဝင်လှူဒါန်းပေးရန် မေတ္တာရပ်ခံ

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသည့် နေအိမ်ပိုင်ရှင်များအတွက် နေအိမ်အလုံးတစ်ထောင် ပြန်လည်တည်ဆောက် လှူဒါန်းပေးနေကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မီးဘေးသင့်ပြည်သူများ နေထိုင်ရန် အိမ်အလုံး တစ်ထောင် တည်ဆောက် နေပြီး ယခုအချိန်ထိ အိမ်အလုံးပေါင်း ၃၀၀ကျော်ဆောက်လုပ်လှူဒါန်းထားပြီးဖြစ်ကြောင်း S&C အဖွဲ့က ပြောသည်။

“စစ်ကိုင်းအတွင်း ဘယ်နေရာမဆိုလက်လှမ်းမှီသလောက်ကူညီပေးနေပါတယ်ဗျ။ နေရာဒေသသက်မှတ်ထားတာမျိုးတွေမရှိပါဘူး။ အိမ်တစ်လုံးစာလုံးလှူမယ်ဆိုရင် နှစ်သိန်းသုံးသောင်းကျပ်ပါ။အခြားပြောချင်တာကတော့ ပြည်သူတွေနဲ့ပူးပေါင်းပါဝင်ပေးဖို့ပြောချင်ပါတယ်။”ဟု S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

S&C ထံသို့ ဆက်သွယ်အကူညီတောင်းခံလာသောမီးဘေးသင့် ကျေးရွာပေါင်း ၆၀ ကျော် အိမ်ထောင်စုအားဖြင့် ၂၈၆၀ ရှိကြောင်း၊ ကျန်ရှိနေသော အိမ်ထောင်စု ၆၀၀ ကျော်အတွက် ပါဝင်ပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။

မီးဘေးသင့် ကျေးရွာပေါင်း ၃၀ကျော်ရှိ အိမ်ထောင်စု ၁,၂၀၀ကျော်အတွက် ဆေးဝါး၊စောင်၊ခြင်ထောင်၊ အစားအစာများ ပေးအပ်ရန်စီစဥ်ထားပြီး လက်တလော အိမ်ထောင်စု ၅၀၀ ကျော်အတွက် ရရှိထားကြောင်း၊ မြေပြင်သို့ တိုက်ရိုက်ပို့ဆောင်လျက်ရှိကြောင်း S&C အဖွဲ့က ပြောသည်။

S&C အဖွဲ့အစီအစဥ်ဖြင့် ယခုချိန်ထိစာသင်ကျောင်းပေါင်း (၈)ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ထပ်မံ၍ ၁၂ကျောင်း တိုးချဲ့ဖွင့်လှစ်ရန်စီစဥ်နေကြောင်း S&C အဖွဲ့က ပြောသည်။

You May Also Like

သတင်း

ဇန်နဝါရီ ၂၄ရက်တွင်လည်း အောင်မိုးကျေးရွာမှ ပြည်သူများ၏ ဖုန်းနှင့်ဆင်းကဒ်များ သိမ်းဆည်းသွားပြီး မွန်းလွဲ၂နာရီခန့်တွင် ထန်းတောကြီးကျေးရွာအနီးရှိ PDF စခန်းငယ် ငါးခုကို မီးရှို့ဖျက်ဆီးသွားကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၃လုံးနှင့် စပါးကျီ ၁၃လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကျွန်းလှ - ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

သတင်း

စစ်ကောင်စီကဝါဒဖြန့်ရာတွင် လူမျိုးရေး၊ဘာသာရေးမှိုင်းတိုက်သည့် အရေးအသားများဖြင့်လည်း KIAကို ပုတ်ခတ်ထားသည်။

သတင်း

ယမန်နေ့(ဇန်နဝါရီ ၂၇)ရက် နေ့လယ် ၃ နာရီခွဲခန့်က ကန့်ဘလူမြို့နယ်တွင် ခရီးတစ်ထောက်နားပြီး ဆက်ထွက်လာသော စစ်ဘက်သုံးရဟတ်ယာဥ် Mi 35 နှစ်စီးနှင့် Mi 17 နှစ်စီးဖြင့် လာရောက်၍ ကောလင်းမြို့နယ် ကျောက်ပျဥ်သာတိုက်နယ်မှ ကုက္ကိုကုန်းရွာအား လေးကြောင်းမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။