Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်တွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးထက်မနည်း သတ်ဖြတ်

ဇန်နဝါရီ ၂၄ရက်တွင်လည်း အောင်မိုးကျေးရွာမှ ပြည်သူများ၏ ဖုန်းနှင့်ဆင်းကဒ်များ သိမ်းဆည်းသွားပြီး မွန်းလွဲ၂နာရီခန့်တွင် ထန်းတောကြီးကျေးရွာအနီးရှိ PDF စခန်းငယ် ငါးခုကို မီးရှို့ဖျက်ဆီးသွားကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးခံရသော ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့
မီးရှို့ဖျက်ဆီးခံရသော ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့

▪️ကျေးရွာအများအပြားနှင့် PDFစခန်းငယ်ငါးခု မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇန်နဝါရီ ၁၉ ရက်က ကနီမြို့နယ်ဘက်မှချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်းလာသော စစ်အုပ်စုသည် ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာကို ရောက်ရှိခဲ့သည်။ ထို့နောက် ဇန်နဝါရီ ၂၃ရက် တွင် အင်းဘက်၊ကြက်လျှာ၊ကျောက်ကုန်း၊နှောပင်၊ကျွန်းပေါ်၊နှုန်းတန်း နှင့် ကျောက်မှော်ကျေးရွာတို့ကို စတင်မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် အင်းဖျားကျေးရွာတွင် အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးကို ဦးခေါင်းနှင့်လက်ချောင်းများဖြတ်တောက်ကာ သတ်ဖြတ်သွားကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ဇန်နဝါရီ ၂၄ရက်တွင်လည်း အောင်မိုးကျေးရွာမှ ပြည်သူများ၏ ဖုန်းနှင့်ဆင်းကဒ်များ သိမ်းဆည်းသွားပြီး မွန်းလွဲ၂နာရီခန့်တွင် ထန်းတောကြီးကျေးရွာအနီးရှိ PDF စခန်းငယ် ငါးခုကို မီးရှို့ဖျက်ဆီးသွားကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

နောက်တစ်ရက် ဇန်နဝါရီ၂၅ရက်တွင် ထန်းတောကြီးကျေးရွာရှိ ပြည်သူများ​၏ ပစ္စည်းများအား အဓမ္မသိမ်းခြင်း၊ ကျေးရွာနေ ဒေသခံ သုံးဦးကို ဖမ်းဆီးခြင်း၊ စစ်ဘေးရှောင်တဲများကို မီးရှို့ဖျက်ဆီးခြင်း၊ စည်လှောင်ချောင်းရွာ၊ မြရိပ်ကျေးရွာတို့ရှိ နေအိမ်အချို့အားမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အများအပြားနှင့် အိမ်မွေးတိရိစ္ဆာန်များမီးလောင်ဆုံးရှုံးခဲ့ရကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထိုနေ့ညတွင် စစ်ကောင်စီတပ်အား ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ၂၆ရက် နံနက်၈နာရီခန့်တွင် မြရိပ်ကျေးရွာမှထွက်ခွာလာသော စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုနေ့တွင်ပင် စစ်ကောင်စီတပ်သည် အောင်ချမ်းအေး၊ စည်လှောင်၊ အောင်ချမ်းသာရွာများကို ဝင်ရောက်ပြီးနောက် စည်လှောင်ကျေးရွာမှ ဆိတ်ကျောင်းသည့် မောင်ဇော်ဝင်းထွန်းအား နှိပ်စက်ပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း အလောင်းတော် ကဿပနယ်မြေသတင်းက ဖော်ပြသည်။

ယနေ့ (ဇန်နဝါရီ ၃၀ ရက်)တွင် စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးအုပ်စုနှင့် ပုပ္ပါကျေးရွာကြား ရောက်ရှိနေသည်။

ဆေးဝါးနှင့်ရိက္ခာအကူအညီများ၊မီးလောင်ဆုံးရှုံးသွားသောနေအိမ်ရှိပြည်သူများအတွက် အဝတ်အထည်နှင့်ထောက်ပံ့ကူညီမှုများလိုအပ်လျက်ရှိကြောင်း၊ မီးရှို့ဖျက်ဆီးခံရသောအိမ်ထောင်စုများစွာရှိပြီး အိမ်ခြေအရေအတွက်အတိအကျမသိရသေးကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးခံရသော ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့

You May Also Like

သတင်း

ဇန်နဝါရီ ၁၇ ရက်ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် နိုင်ငံတော်အာဏာသိမ်းပြီးနောက် ​ရွေး​ကောက်ခံအရပ်သားအစိုးရ၏ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်တိုင်း လွှတ်တော်ဥက္ကဌ၊ ဒုတိယတိုင်းလွှတ်တော်ဥက္ကဌတို့ကို တိုင်းအစိုးရအဖွဲ့ဝန်ကြီးအိမ်ရာတွင် ထိမ်းသိမ်းထားခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ မီးဘေးသင့်ပြည်သူများ နေထိုင်ရန် အိမ်အလုံး တစ်ထောင် တည်ဆောက် နေပြီး ယခုအချိန်ထိ အိမ်အလုံးပေါင်း ၃၀၀ကျော်ဆောက်လုပ်လှူဒါန်းထားပြီးဖြစ်ကြောင်း S&C အဖွဲ့က ပြောသည်။

သတင်း

လုံးခင်းလယ်ပြင်ဂိတ်ကို KIAက တိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသ သတင်းရင်းမြစ် အချို့နှင့် ဒေသတွင်း သတင်းဌာန အချို့က ဖော်ပြထားသော်လည်း တိုက်ပွဲဖြစ်ပွားမှု ကိုPeople's Springက သီးခြားအတည်မပြုနိုင်သေးပေ။