Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် ကျောက်ကမ်းပါးပြိုကျ၍ ရေမဆေးသမား လေးဦးသေဆုံး

ဖားကန့်မြို့၊နမ့်မှော်ကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ဟောင်းတစ်ခုတွင် ယနေ့(ဇန်နဝါရီ ၃၀ရက်) နံနက် ၉နာရီခန့်က အထက်ပါဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(သေဆုံးသွားသည့် ရေမဆေးသမားများ​၏ ရုပ်အလောင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(သေဆုံးသွားသည့် ရေမဆေးသမားများ​၏ ရုပ်အလောင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပေ(၁၀၀)ခန့်မြင့်သော ကျောက်ကမ်းပါးယံတစ်ခုပြိုကျ၍ ရေမဆေးကျောက်ရှာသူ လေးဦး သေဆုံးသွားကြောင်းဒေသခံများက ပြောသည်။

ဖားကန့်မြို့၊နမ့်မှော်ကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ဟောင်းတစ်ခုတွင် ယနေ့(ဇန်နဝါရီ ၃၀ရက်) နံနက် ၉နာရီခန့်က အထက်ပါဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျောက်ကမ်းပါးယံက ပေ(၁၀၀)ခန့်မြင့်တယ်။ သူတို့ ရေမဆေးကျောက်ရှာသူလေးဦးအပေါ်ပြိုကျတာ။ လေးဦးစလုံး သေဆုံးသွားတယ်။ သူတို့က ရခိုင်ပြည်နယ်ကနေလာ အလုပ်လုပ်ကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်တွင် ရခိုင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအပါအဝင် အနယ်နယ်အရပ်ရပ်မှ လာရောက်ပြီး ကျောက်တူးနေသူ (၂)သိန်းမှ (၃)သိန်းကြား ရှိနေသည်။ အဆိုပါ ကျောက်တူးသမားများကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်မှုများ ရှိခဲ့သည်ဟု ​ဒေသခံများကပြောသည်။

ဇန်နဝါရီ ၇ရက်က ဖားကန့်မြို့ မော်မောင်းလျန်နှင့် ဗလခမှော်အတွင်းသို့ စစ်ကောင်စီအင်အား ၃၀ခန့် ဝင်ရောက်စီးနင်းကာ ရေမဆေးကျောက် ရှာဖွေသူ လူငယ် ၂၀ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့သည်။

You May Also Like

သတင်း

ဇန်နဝါရီ ၃၀ရက်က မိသားစုတစ်စုသ​ည် ယင်းမာပင်မြို့နယ်မှ ၎င်းတို့နေထိုင်ရာ ကနီမြို့နယ် ယင်းယိမ်ကျေးရွာသို့ ချင်းတွင်းမြစ်အတိုင်း စက်လှေတစ်စီးဖြင့် ဆန်တက်လာစဥ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သ​ည်။

သတင်း

တိုက်ပွဲ ပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ်တွင် ယမန်နှစ်ကလည်း စစ်ကောင်စီတပ်၏ မော်တော်ယာဥ် ၁၈စီးထက်မနည်းကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။

နိုင်ငံတကာ

ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့လည်း လေတပ်နဲ့ ရဲတပ်ဖွဲ့က အသီးသီး ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းကလည်း အာနူချယ်လ် ပရာဒက်ရှ် ပြည်နယ်မှာ ရဟတ်ယာဉ်တစ်စီး ပျက်ကျရာက အိန္ဒိယ ကြည်းတပ်ရဲ့ စစ်သည် ၅ ဦး သေဆုံးခဲ့ဖူးပါတယ်။

သတင်း

မွန်ပြည်နယ် သံဖြူဇရပ်-ရေး လမ်းမကြီးမှ ကနင်ကမော့နှင့် အောင်သာယာရွာကြားလမ်းပိုင်းတွင်ယမန်နေ့(ဇန်နဝါရီလ၂၇ရက်) ည၆ နာရီ ၄၀မိနစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။