Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တရုတ်နိုင်ငံသား ၂ ဦး ဖမ်းခံရတဲ့ဖြစ်စဉ်ကို ပခုက္ကူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စုံစမ်းနေ

လူမှုကွန်ယက်မှာ ပျံနှံ​နေတဲ့ CCTV ရုပ်သံဖိုင်အရ လူ ၅ ဦးခန့်ပါဝင်တဲ့ လက်နက်ကိုင်လူတစ်စုက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး​တော့ သူတို့ရဲ့ လုံခြုံရေးလို့ယူဆရတဲ့အမျိုးသားတစ်ဦးကိုလည်းထိုးကြိတ်ကန်ကျောက်ခဲ့တာ​တွေ့ရပါတယ်။

ဓာတ်ပုံ − လူမှုကွန်ရက်
ဓာတ်ပုံ − လူမှုကွန်ရက်

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်မှာရှိတဲ့ ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသား ၂ ဦး ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ကို ပခုက္ကူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စုံစမ်းနေတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

ဇန်နဝါရီလ ၂၆ ရက် မနက် ၈ နာရီခန့်က ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသားအမျိုးသားနဲ့အမျိုးသမီးတို့ ကို လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာပါ။

တရုတ်နိုင်ငံသား ၂ ဦး ဖမ်းခံရတဲ့ ဖြစ်စဉ်ဟာ မှန်ကန်ကြောင်းနဲ့ ဖမ်းသွားတဲ့အဖွဲ့နဲ့ ဖမ်းဆီးရတဲ့အကြောင်းရင်းကိုသိနိုင်ဖို့ စုံစမ်းနေတယ်လို့ ပခုက္ကူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ပြောပါတယ်။

“အဖမ်းခံရတာကို ပအဖနဲ့ပေါင်းပြီး စုံစမ်းနေတယ်။ ရရှိတဲ့ သတင်းအရ ငွေလိုချင်လိုဖမ်းတယ်လို့သိရတယ်။ ”လို့ ပခုက္ကူမြို့နယ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

လူမှုကွန်ယက်မှာ ပျံနှံ​နေတဲ့ CCTV ရုပ်သံဖိုင်အရ လူ ၅ ဦးခန့်ပါဝင်တဲ့ လက်နက်ကိုင်လူတစ်စုက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး​တော့ သူတို့ရဲ့ လုံခြုံရေးလို့ယူဆရတဲ့အမျိုးသားတစ်ဦးကိုလည်းထိုးကြိတ်ကန်ကျောက်ခဲ့တာ​တွေ့ရပါတယ်။

“ဒါနဲ့ပတ်သတ်ပြီး ပကဖ(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့)ကော၊ ပအဖ(ပြည်သူ့ အုပ်ချုပ်​ရေးအဖွဲ့) ကော စုံစမ်းမှုတွေလုပ်နေတယ်ကြားတယ်။ ဒီလိုမျိူးလုပ်တာ(တရုတ်နိုင်ငံသားနှစ်ဦးအားဖမ်းဆီးခြင်း)ကိုတော့ တော်လှန်ရေးအဖွဲ့တွေကသဘောမကျဘူးဖြစ်နေတယ်” လို့ပခုက္ကူမြို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဖမ်းသွားတဲ့အဖွဲ့ကို မသိရသေးဘူးလို့လည်း ပခုက္ကူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ တရုတ်နှစ်ကူးအပြီး မှာဖြစ်ခဲ့တာပါ။နွေဦးတော်လှန်ရေးဟာ တရုတ်ရဲ့အကျိုးစီးပွားကိုမထိခိုက်စေရဘူးလို့ NUG အစိုးရက တရုတ်နှစ်သစ်ကူးသဝဏ်လွှာမှာ အာမခံသတင်းစကားပါးပြီးနောက် အခုလို ဖြစ်စဉ်ဖြစ်လာတာကိုတွေ့ရပါတယ်။စစ်​ကောင်စီမီဒီယာနဲ့စစ်ကောင်စီလော်ဘီလူမှုကွန်ရက်တွေကPDF​တွေကဖမ်းတာလို့ စွပ်စွဲ​ဝါဒဖြန့်​နေကြပါတယ်။

ရန်ကုန်မြို့မှာ ရှိတဲ့ တရုတ်သံရုံးက ဖမ်းခံလိုက်ရတဲ့ တရုတ်နိုင်ငံသား ၂ ဦးဟာ စက်ရုံဝန်ထမ်းတွေဖြစ်တယ်လို့ ဘီဘီစီ မြန်မာပိုင်းကိုအတည်ပြုထားပါတယ်။

You May Also Like

သတင်း

စစ်ကောင်စီတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းပြီး စာရေးကိရိယာပစ္စည်းအစုံအား သိမ်းဆည်းသွားသည်ဟု Indaw Revolutionက ဖော်ပြသည်။

သတင်း

တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက လိုအပ်ချက်အရ အခါအားလျော်စွာ စစ်ဆေးမှု ပြုလုပ်သည့်အခါ ကြည်ဖြူစွာ စစ်ဆေးမှုခံယူရန် ဖော်ပြထားသည်။

သတင်း

"သူ့ရာထူးအရ သူကဆေးတပ်အရာရှိရဲ့ PSOအဖြစ် အခုနောက်ဆုံးသိထားရတယ်။ကျန်တာတော့ဆက်လက် စစ်ဆေးဆဲပဲ"ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၂၃ရက်) နံနက်ပိုင်းက နွားထိုးကြီးမြို့၏ အနောက်ဖက်ဂေါက်ကွင်းအနီးတွင်ညှင်းပမ်းနှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် လူငယ်အမျိုးသားတစ်ဦးအလောင်းတစ်လောင်းလာရောက်စွန့်ပစ်သွားခဲ့သည်။