Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းဘူးတွင် ​မြေငလျင်လှုပ်

မင်းဘူးမြို့တွင် ယနေ့(ဖေဖော်ဝါရီလ ၂ရက်)နံနက် ၆ နာရီ၃၀မိနစ်ခန့်က ငလျင်လှုပ်ခတ်သွား​ခြင်းဖြစ်သည်ဟု​ဒေသခံများက​ပြောသည်။

မင်းဘူးတွင် ​မြေငလျင်လှုပ်
မင်းဘူးတွင် ​မြေငလျင်လှုပ်

မကွေးတိုင်း မင်းဘူးမြို့တွင်အင်အားရစ်ချ်တာစကေး၄ဒဿမ ၅ အဆင့်ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာန USGSက ထုတ်ပြန်ထားသည်။

မင်းဘူးမြို့တွင် ယနေ့(ဖေဖော်ဝါရီလ ၂ရက်)နံနက် ၆ နာရီ၃၀မိနစ်ခန့်က ငလျင်လှုပ်ခတ်သွား​ခြင်းဖြစ်သည်ဟု​ဒေသခံများက​ပြောသည်။

” ငလျင်က လှုပ်တာ သိပ်မသိသာလိုက်ဘူး။ဒါပေမယ့် လှုပ်နေကြမဟုတ်တော့ လန့်တယ်”ဟု မင်းဘူးဒေသခံတစ်ဦးကပြောသည်။

အဆိုပါငလျင်သည် မြေအနက် ၅၆ ကီလိုမီတာဝန်းကျင်တွင် ဗဟိုပြုလှုပ်ခတ်သွားခြင်းဟု USGSကထုတ်ပြန်သည်။ USGS သည်ကမ္ဘာတစ်ဝန်း​မြေငလျှင်လှုပ်ရှားမှုများကို ​စောင့်ကြည့်မှတ်တမ်းတင်​ပေး​နေ​ခြင်းဖြစ်သည်။​မြေအနက် ၁၀ ကီလိုမီတာ ထက်နည်း၍ လှုပ်ပါက ​ဇောက်တိမ်ငလျှင် ဟု​ခေါ်ပြီး ဖျက်အားပိုပြင်းပြီး ၊​မြေအနက် ပိုနက်​လေ ဖျက်အား​လျော့ပါးသွား​လေဖြစ်​​ကြောင်း​မြေငလျင်ပညာရှင်များက​ပြောသည်။ယခုမင်းဘူးငလျှင်မှာ ရစ်ချ်တာစ​ကေး ၄ ဒသမ ၅ ရှိသဖြင့် အင်အားအသင့်အတင့် ​​ရှိ​သော်လည်း မြေအနက်တွင်လှုပ်ရှားသွားခြင်းဖြစ်၍ ​​ဖျက်အားနည်းခဲ့ခြင်းဖြစ်သည်။

မင်းဘူးမြို့နှင့်ထိစပ်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့တွင်လည်း မြေလွှာလှုပ်ရှားမှုရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းမန္တလေးနှင့်စစ်ကိုင်းပတ်ဝန်းကျင်တွင် ငလျင် ၆ကြိမ်ထက်မနည်းလှုပ်ခဲ့ပြီး ​ရှေး​ဟောင်း​စေတီ ပုထိုးအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့သည် ပုံစံအမျိုးမျိုး လှုပ်ရှားနေပြီးငလျင်ဘေးသတ်ပြုနေထိုင်ကြရန် ဘူမိဗေဒပညာရှင်အချို့က သတိပေး ထားသည်။

You May Also Like

သတင်း

စစ်ကောင်စီရဲ့ မိုးဇလ ထုတ်ပြန်ချက်မှာတော့ ငလျင်ဟာမြေအနက် ၅ ကီလိုမီတာ ( ၃ မိုင်ကျော်ခန့်)မှာ ဗဟိုပြုပြီးလှုပ်သွားတာလို့ ဖော်ပြပါတယ်။

သတင်း

မနေ့က လည်း မန္တလေး တံတားဦးမြို့ အနီးကို ဗဟိုပြုပြီးလှုပ်တဲ့ အင်အားအသင့်အတင့်ရှိတဲ့ ၅.၂ ရစ်ချ်တာစကေးငလျင်ကြောင့် အင်းဝမြို့ဟောင်းနဲ့ မင်းကွန်းဒေသက ရှေးဟောင်းသာသနိက အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာရှိခဲ့ပါတယ်။

သတင်း

"မနက် ၆နာရီ ၄၅မိနစ်မှာလှုပ်သွားတာ။ဒီမနက်လည်းတော်တော်လေးသိသာတယ်။အိပ်ယာကလန့်နိုးသွားတယ်"ဟုမန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

သတင်း

ငလျင်ဗဟိုချက်နဲ့ ၄ မိုင်ခန့်အကွာမှာရှိတဲ့ အင်းဝမြို့ဟောင်းက နာမည်ကျော် မယ်နုအုတ်ကျောင်းဟာ ငလျင်ကြောင့် လိုဏ်မုခ်ပန်းပျက်ကျသွားတယ်လို့သိရပါတယ်။