Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပွင့်ဖြူနှင့် မင်းဘူး NLD လွှတ်တော်အမတ် နှစ်ဦးအပါအဝင် ပါတီဝင်အချို့၊ ဒေသခံများအကြမ်းဖက်ဖမ်းဆီးခံရ

ဦးထွန်းထွန်းကို အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဦးထွန်းထွန်းကို မဖမ်းမိ၍ ၎င်း၏ ဇနီးဖြစ်သူကို ဓားစာခံအဖြစ် ၂၀၂၁ ဧပြီ၃၀ ရက်ကတည်းက ဓါးစာခံအဖြစ်ဖမ်းဆီးသွားပြီး ယခုအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်သည်။

ပွင့်ဖြူအမျိုးသားလွှတ်​တော်အမတ်ဦးထွန်းထွန်း။
ပွင့်ဖြူအမျိုးသားလွှတ်​တော်အမတ်ဦးထွန်းထွန်း။

မကွေးတိုင်း ပွင့်ဖြူနှင့် မင်းဘူးတို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအပါအဝင် ပါတီဝင်အချို့၊ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် အကြမ်းဖက်ဖမ်းဆီးသွားကြောင်း NLD ပါတီတာ၀န်ရှိသူနှင့် ဒေသခံတို့က ပြောသည်။

မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ ပွင့်ဖြူ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်​ဟောင်း ဦးထွန်းထွန်းတို့ကို ၎င်းတို့ တိမ်းရှောင်နေသည့် ပွင့်ဖြူမြို့နယ် ရှားတောကျေးရွာ၌ ဇန်နဝါရီ ၈ ရက် နံနက် ၅ နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဦးဝင်းဝင်းနှင့်အတူ မိသားစုဝင် ၃ ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး ဦးထွန်းထွန်း၏ တူဖြစ်သူကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားကြောင်း ပွင့်ဖြူဒေသခံတစ်ဦးက ပြောသည်။

မင်းဘူးပြည်သူ့လွှတ်​​​တော်အမတ် ဦးဝင်းဝင်း
မင်းဘူးပြည်သူ့လွှတ်​​​တော်အမတ် ဦးဝင်းဝင်း

“ရွာထဲက သူတွေ ဒုက္ခရောက်မှာ စိုးလို့ဆိုပြီး အဖမ်းခံလိုက်တာပါ။ အဲဒီ ​ခွေးတွေက ဦးထွန်းထွန်းကို ရွာထဲက လမ်းလျှောက်ပြီး PDF က ခွေးဖြစ်ပါတယ်။ ဇော်ဝေစိုးလို့ ခိုင်းလို့ လုပ်ရတာ။ ကျွန်တော်လည်း ခွေးဖြစ်ပါတယ်ဆိုပြီး ဦးထွန်းထွန်းက ရွာထဲမှာ အော်ရတယ်။ စလင်းက ကိုဖိုးကျော်လည်းပါပါတယ်။ ရွာသားတွေကိုလည်း ရိုက်နှက်ပြီး ခေါ်သွားတာ။ ရွာထဲက လူတွေလည်း ပါသင့်သလောက်ပါပါတယ်။ ဖုန်းအလုံးပေါင်း ၇၀ လောက်လည်း ပါသွားပါတယ်” ဟု ဒေသခံက​ပြောသည်။

ဦးထွန်းထွန်းကို အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဦးထွန်းထွန်းကို မဖမ်းမိ၍ ၎င်း၏ ဇနီးဖြစ်သူကို ဓားစာခံအဖြစ် ၂၀၂၁ ဧပြီ၃၀ ရက်ကတည်းက ဓါးစာခံအဖြစ်ဖမ်းဆီးသွားပြီး ယခုအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံ၏ အထိမ်းအမှတ်နေ့များတွင် အကျဥ်းသားထောင်နှင့်ချီ ပြန်လွှတ်ပေးသော်လည်း နိုင်ငံရေးအကျဥ်းသားဦးရေမှာ အနည်းငယ်သာပါဝင်ပြီး လွတ်ငြိမ်းစာရင်းအရ အကျုံးဝင်သူများကိုပင် NLD ပါတီက ဖြစ်၍၊ လူငယ်ဖြစ်၍ ဆိုသည့် အကြောင်းပြချက်များဖြင့် လွှတ်မပေးကြောင်း NLD ပါတီဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

“စစ်တပ်က ပြန်လွှတ်တယ်ဆိုတာအယောင်ပြပဲ။ တကယ်တမ်းမှာ ပြန်ဖမ်းတာနဲ့ ထပ်ဖမ်းတာနဲ့။ အခုလည်းကြည့်လေ မင်းဘူးနဲ့ ပွင့်ဖြူ NLD အမတ်တွေ၊ ပါတီဝင်တွေ၊ အရပ်သားတွေကို ရက်ရက်စက်စက် ရိုက်နက်ဖမ်းဆီးသွားတာ။ နောက်ပြီး စစ်တပ်ဟာ လွတ်ငြိမ်းချမ်းသာပေးတယ်လို့ တစ်ဖက်မှာ ပြထားပေမယ့် တစ်ဖက်မှာ အရပ်သားပြည်သူတွေကို ပစ်ခတ် သတ်ဖြတ်နေတဲ့နှုန်း မြင့်တက်လာနေတယ်။ ဒီအချက်က အင်မတန်စိုးရိမ်စရာကောင်းတယ်လို့ ပြောချင်တယ် “ ဟု အထက်ပါ NLD ပါတီ တာ၀န်ရှိသူက ပြောသည်။

(အကြမ်းဖက်ဖမ်းဆီးခံခဲ့ရ​သော လွှတ်​တော်ကိုယ်စားလှယ်နှစ်ဦး)

You May Also Like

သတင်း

ပျူ​ခေါင်း​ဆောင်နှစ်ဦး ရှင်းလင်းခံရပြီး​နောက် ပျူစောထီအင်အား ၂၀ခန့်ပါသည့်အဖွဲ့ သည် ဒေသခံ NLD ပါတီဝင်များ၏အိမ်များကို အကြမ်းဖက်ဝင်ရောက်ပြီး ပါတီဝင်များကို ဖမ်းဆီးသတ်ဖြတ်​နေ​ကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

ယခင်ထက်ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရသော ယနေ့ကာလတွင်လည်း NLD သည် ချမှတ်ထားပြီးသောမူဝါဒများ၊ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ပါတီဝင် အသီးသီးက ရောက်ရှိရာနေရာတွင် ကျရာတာဝန်များကို ဦးလည်မသုဉ် ထမ်းရွက်နေကြောင်း အသိပေးသည်။

သတင်း

ဆုံးဖြတ်ချက်မူကြမ်းကို ဦးဆောင်ရေးဆွဲကာ အတည်ပြုချက်ရရှိနိုင်ရေး ကြိုးပမ်းပေးခဲ့သော ဗြိတိန်နိုင်ငံနှင့် ဝိုင်းဝန်း ဆွေးနွေးပေးခဲ့ကြသော လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းလည်း ဖော်ပြထားသည်။

သတင်း

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းစစ်ဆင်ရေး နည်းလမ်း မျိုးစုံဖြင့် အရပ်သားပြည်သူတို့ကို ပစ်မှတ်ထားထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် စစ်ဘေးဒဏ်ကျရောက်ခဲ့ခြင်း တို့ကြောင့် တော်လှန်ရုန်းကန်နေရခြင်း ထိခိုက်နစ်နာခြင်းတို့အပေါ် လေးနက်စွာ စာနာခံစားရကြောင်းလည်း NLDက ဆိုသည်။