Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တံတားဦးတွင်​နောက်ဆက်တွဲငလျင်ငယ်လှုပ်

“မနက် ၆နာရီ ၄၅မိနစ်မှာလှုပ်သွားတာ။ဒီမနက်လည်းတော်တော်လေးသိသာတယ်။အိပ်ယာကလန့်နိုးသွားတယ်”ဟုမန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

(ဒီဇင်ဘာ ၁၅ ရက်ကလှုပ်ခတ်ခဲ့​သောငလျင်​ကြောင့် ​နေအိမ်ပျက်စီးမှုအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ဒီဇင်ဘာ ၁၅ ရက်ကလှုပ်ခတ်ခဲ့​သောငလျင်​ကြောင့် ​နေအိမ်ပျက်စီးမှုအချို့ ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

တံတားဦးမြို့နယ်တွင် ယမန်နေ့ကပြင်းအားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ပြီး​နောက် ယနေ့ နံနက်အစောပိုင်းတွင် ​နောက်ဆက်တွဲငလျင်ငယ်တစ်ခုထပ်မံလှုပ်ရှားသွားကြောင်း ဒေသခံများကပြောသည်။

“မနက် ၆နာရီ ၄၅မိနစ်မှာလှုပ်သွားတာ။ဒီမနက်လည်းတော်တော်လေးသိသာတယ်။အိပ်ယာကလန့်နိုးသွားတယ်”ဟုမန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

မန္တလေးမြို့၊အောင်မြေသာဇံမြို့နယ်တွင်နေထိုင်သူတစ်ဦးကလည်း “ငလျင်ကထပ်လှုပ်တယ်။စက္ကန့်ပိုင်းပဲကြာတယ်။ ဒါပေမယ့်ပြင်းတယ်။ခဏခဏလှုပ်နေတာကြောက်တယ်”ဟုပြောသည်။

မန္တလေးတွင် ယနေ့(ဒီဇင်ဘာလ ၁၆ရက်)နံနက် လှုပ်ခတ်ခဲ့သော ငလျင်နှင့်ပတ်သက်၍အမေရိကန်ဘူမိလေ့လာရေးဌာန USGSက ထုတ်ပြန်ထားခြင်းမရှိသေးပေ။စစ်ကောင်စီ၏ မိုး​လေဝသနှင့်ဇလ​​ဗေဒညွန်ကြားမှုဦးစီးဌာနကမူ ပြည်ကြီးတံခွန်မြို့နယ်အနီးတွင်ရစ်ချ်တာစကေး ၃ဒဿမ ၆ အဆင့်ငလျင်တစ်ခု နံနက် ၆နာရီ ၄၅မိနစ်တွင် လှုပ်ခတ်သွားကြောင်းထုတ်ပြန်ထားသည်။

တံတားဦးမြို့တွင် ယမန်နေ့ နံနက်အစောပိုင်းက ရစ်ချ်တာစကေး ၅အဆင့်ငလျင်လှုပ်ခဲ့ရာ မန္တလေး၊ စစ်ကိုင်းနှင့် မင်းကွန်းတွင် ​ရှေး​ဟောင်း​စေတီ ပုထိုးအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားခြင်းဖြစ်ပြီးငလျင်ဘေးသတ်ိပြုနေထိုင်ကြရန် ဘူမိဗေဒပညာရှင်အချို့က သတိပေး ထားသည်။

Facebook

You May Also Like

သတင်း

မနေ့က လည်း မန္တလေး တံတားဦးမြို့ အနီးကို ဗဟိုပြုပြီးလှုပ်တဲ့ အင်အားအသင့်အတင့်ရှိတဲ့ ၅.၂ ရစ်ချ်တာစကေးငလျင်ကြောင့် အင်းဝမြို့ဟောင်းနဲ့ မင်းကွန်းဒေသက ရှေးဟောင်းသာသနိက အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာရှိခဲ့ပါတယ်။

သတင်း

ငလျင်ဗဟိုချက်နဲ့ ၄ မိုင်ခန့်အကွာမှာရှိတဲ့ အင်းဝမြို့ဟောင်းက နာမည်ကျော် မယ်နုအုတ်ကျောင်းဟာ ငလျင်ကြောင့် လိုဏ်မုခ်ပန်းပျက်ကျသွားတယ်လို့သိရပါတယ်။

သတင်း

ငလျင်ဟာ မြေအနက်တိမ်တဲ့နေရာမှာလှုပ်သွားလို့လှုပ်ရှားမှုသိသိသာသာ ပြင်းထန်ပါတယ်။ တံတားဦး၊ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ မတ္တရာ၊ ပြင်ဦးလွင်အပါအဝင် ဗဟိုချက်အနီးပတ်ဝန်းကျင်က မြို့နယ် ဆယ်မြို့နယ်ထက်မနည်းမှာ သိသိသာသာ လှုပ်သွားခဲ့ပါတယ်။

နိုင်ငံတကာ

နိုဝင်ဘာ ၂၅ ရက်က ကယ်ဆယ်ရေး အဖွဲ့တွေဟာ ကွန်ကရစ်အလွှာ ၃ ခုအောက်မှာ ပိမိနေတဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေး တစ်ဦးကို အစွမ်းကုန် ကယ်ထုတ်ခဲ့ကြပေမယ့် ရုပ်အလောင်းသာ ပြန်ရခဲ့တာကြောင့် ရင်ကွဲခဲ့ကြရပါတယ်။ နောက်တစ်နေ့မှာတော့ အသေအပျောက် ကိန်းဂဏန်းက ၃၁၀ ထိ...