Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော် မှာ အင်အားအနည်းငယ်ရှိတဲ့ ငလျင်လှုပ်

စစ်ကောင်စီရဲ့ မိုးဇလ ထုတ်ပြန်ချက်မှာတော့ ငလျင်ဟာမြေအနက် ၅ ကီလိုမီတာ ( ၃ မိုင်ကျော်ခန့်)မှာ ဗဟိုပြုပြီးလှုပ်သွားတာလို့ ဖော်ပြပါတယ်။

နေပြည်တော် မှာ အင်အားအနည်းငယ်ရှိတဲ့ ငလျင်လှုပ်
နေပြည်တော် မှာ အင်အားအနည်းငယ်ရှိတဲ့ ငလျင်လှုပ်

မနေ့ညပိုင်း သန်းခေါင်ယံ ကျော်ချိန်က နေပြည်တော် ၊ပုဗ္ဗသီရိမြို့ရဲ့ ၇ မိုင်ခန့်အကွာ ကို ဗဟိုပြုပြီး အင်အား ၄.၂ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်သွားပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလ ထုတ်ပြန်ချက်မှာတော့ ငလျင်ဟာမြေအနက် ၅ ကီလိုမီတာ ( ၃ မိုင်ကျော်ခန့်)မှာ ဗဟိုပြုပြီးလှုပ်သွားတာလို့ ဖော်ပြပါတယ်။

ငလျင်ကြောင့် ပျက်စီးထိခိုက်မှုမရှိဘူးလို့ နေပြည်တော်မှာနေထိုင်ကြသူအချို့ကို ဒီနေ့မနက်ပိုင်းဆက်သွယ်မေးမြန်းချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မန္တလေးမှာ ၂ ရက်ဆက်တိုက် ငလျင်ငယ်တွေ လှုပ်ခတ်ခဲ့လို့ စစ်ကိုင်းဘက်က မင်းကွန်းဒေသနဲ့ အင်းဝမြို့ဟောင်းက ရှေးဟောင်းသာသနိက အဆောက်အဦးတွေထိခိုက်ပျက်စီးတာဖြစ်ခဲ့ပါတယ်။

You May Also Like

သတင်း

မနေ့က လည်း မန္တလေး တံတားဦးမြို့ အနီးကို ဗဟိုပြုပြီးလှုပ်တဲ့ အင်အားအသင့်အတင့်ရှိတဲ့ ၅.၂ ရစ်ချ်တာစကေးငလျင်ကြောင့် အင်းဝမြို့ဟောင်းနဲ့ မင်းကွန်းဒေသက ရှေးဟောင်းသာသနိက အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာရှိခဲ့ပါတယ်။

သတင်း

"မနက် ၆နာရီ ၄၅မိနစ်မှာလှုပ်သွားတာ။ဒီမနက်လည်းတော်တော်လေးသိသာတယ်။အိပ်ယာကလန့်နိုးသွားတယ်"ဟုမန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

သတင်း

ငလျင်ဗဟိုချက်နဲ့ ၄ မိုင်ခန့်အကွာမှာရှိတဲ့ အင်းဝမြို့ဟောင်းက နာမည်ကျော် မယ်နုအုတ်ကျောင်းဟာ ငလျင်ကြောင့် လိုဏ်မုခ်ပန်းပျက်ကျသွားတယ်လို့သိရပါတယ်။

သတင်း

ငလျင်ဟာ မြေအနက်တိမ်တဲ့နေရာမှာလှုပ်သွားလို့လှုပ်ရှားမှုသိသိသာသာ ပြင်းထန်ပါတယ်။ တံတားဦး၊ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ မတ္တရာ၊ ပြင်ဦးလွင်အပါအဝင် ဗဟိုချက်အနီးပတ်ဝန်းကျင်က မြို့နယ် ဆယ်မြို့နယ်ထက်မနည်းမှာ သိသိသာသာ လှုပ်သွားခဲ့ပါတယ်။