Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ ညအချိန် အိမ်ရှေ့ရပ်ထားတဲ့ အိုးဝေ သုံးဘီး မီးရှို့ခံရ

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ ခိုးမှုအပြင် အုပ်စုဖွဲ့လုယက်တာတွေ ၊ ဓားပြတိုက်တာတွေ ဟာ မကြာခဏဆိုသလိုဖြစ်ပွားနေတာပါ။

မန္တလေးမှာ ညအချိန် အိမ်ရှေ့ရပ်ထားတဲ့ အိုးဝေ သုံးဘီး မီးရှို့ခံရ
မန္တလေးမှာ ညအချိန် အိမ်ရှေ့ရပ်ထားတဲ့ အိုးဝေ သုံးဘီး မီးရှို့ခံရ

မန္တလေးမြို့မှာ ညအချိန် အိမ်ရှေ့မှာရပ်ထားတဲ့အိုးဝေ(သုံးဘီး)ကို ခိုးမရတဲ့အတွက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ပိုင်ရှင်နဲ့နီးစပ်သူထံကတဆင့် သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မဟာအောင်မြေမြို့နယ်၊ မြောက်ရွာသစ်ရပ်ကွက် ၊ဘုရားကြီးအနီး လမ်း ၈၀နဲ့ ၈၁လမ်း၊ ၄၂လမ်းအနီးက နေအိမ်ရှေ့မှာ မနေ့က ဇန်နဝါရီလ ၂၉ ရက် မနက်အစောပိုင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ဘယ်လောက်ထိရိုင်းလဲဆို ခိုးမရလို့မီးရှို့သွားတာဗျာ၊ သူတို့မှာ အရစ်ကျနဲ့ဝယ်ပြီး တက္ကစီဆွဲစားနေရတာ”လို့ အိမ်နီးနားချင်းတစ်ဦးကပြောပါတယ်။

အိန္ဒိယထုတ် သုံးဘီးအသစ်ဈေးဟာ ကျပ်သိန်း တစ်ရာဝန်းကျင်တန်ကြေးရှိတယ်လို့စုံစမ်းသိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ ခိုးမှုအပြင် အုပ်စုဖွဲ့လုယက်တာတွေ ၊ ဓားပြတိုက်တာတွေ ဟာ မကြာခဏဆိုသလိုဖြစ်ပွားနေတာပါ။

You May Also Like

သတင်း

သပိတ်သတ်မှတ်ချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ လူထုအနေနဲ့အင်တိုက်အားတိုက်ပါဝင်ပေးကြဖို့ တိုက်တွန်းထားတာပါ။

သတင်း

"အခုလိုမျိုး အာဏာသိမ်းထားတာ ၂နှစ်တာကာလအတွင်းမှာ ပြည်သူတွေရဲ့ ခုခံတွန်းလှန်စိတ် လျော့ကျမသွားဘူးဆိုတာကို ဆက်လက်ပြသဖို့အတွက် အသံတိတ်သပိတ်မှာပြည်သူအားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်"ဟု မန္တလေး PDF ရဲမေက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လယ်ယာသုံး ခိုင်းနွား တစ်ကောင်သေဆုံး၍ အကောင်ရေ(၂၀)ခန့် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး လယ်ယာသုံး ခုတ်စက်များ၊ရေစုပ်စက်များလည်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၄ရက် ညနေပိုင်းက ယင်းမာပင်မြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာပြီး စည်လှောင်ချောင်းကျေးရွာ၌ ညအိပ်တပ်စွဲခဲ့သည်။