Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်မြို့နယ်တွင် မီးရှို့ခံရသည့် ကျေးရွာများ အကူအညီလိုအပ်နေ

ဇန်နဝါရီ ၂၃ ရက်နှင့်၂၅ ရက်က စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော ယင်းမာပင်မြို့နယ်ရှိ အင်းဘက်၊ကြက်လျှာ၊ကျောက်ကုန်း၊နှောပင်၊ကျွန်းပေါ်၊နှုန်းတန်း၊ကျောက်မှော်၊ ထန်းတောကြီး၊ စည်လှောင်ချောင်းနှင့် မြရိပ်ကျေးရွာတို့အား ဆက်လက်မီးရှို့ဖျက်ဆီးသွားခဲ့သည်။

မြရိပ်ကျေးရွာအား လှူဒါန်းနေစဥ်၊ ဓာတ်ပုံ-Black Vote
မြရိပ်ကျေးရွာအား လှူဒါန်းနေစဥ်၊ ဓာတ်ပုံ-Black Vote

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နေအိမ်များမီးရှို့ခံရသည့် ကျေးရွာ ၁၀ရွာထက်မနည်းရှိပြီး အဆိုပါ ကျေးရွာများမှာ နေထိုင်စားသောက်ရေး အခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၂၃ ရက်နှင့်၂၅ ရက်က စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော ယင်းမာပင်မြို့နယ်ရှိ အင်းဘက်၊ကြက်လျှာ၊ကျောက်ကုန်း၊နှောပင်၊ကျွန်းပေါ်၊နှုန်းတန်း၊ကျောက်မှော်၊ ထန်းတောကြီး၊ စည်လှောင်ချောင်းနှင့် မြရိပ်ကျေးရွာတို့အား ဆက်လက်မီးရှို့ဖျက်ဆီးသွားခဲ့သည်။

အဆိုပါ ကျေးရွာများရှိ ပြည်သူများသည် လက်တလောစားသောက်နေထိုင်ရေး အခက်အခဲများရှိနေကြောင်း ဒေသခံများက ပြောသည်။

မြရိပ်ကျေးရွာအား လှူဒါန်းနေစဥ်၊ ဓာတ်ပုံ-Black Vote
မြရိပ်ကျေးရွာအား လှူဒါန်းနေစဥ်၊ ဓာတ်ပုံ-Black Vote

မြရိပ်ကျေးရွာတွင် နေအိမ်ပေါင်း ၈၀ မီးရှို့ဖျက် ဆီးခံခဲ့ရပြီး ကျေးရွာရှိပြည်သူများအား Blackညီနောင်တပ်ပေါင်းစုနှင့် ထောက်ပို့မိသားစုအလှုရှင်များစုပေါင်း၍ တစ်အိမ်ထောင်စုလျှင်ဆန်(၄)ပြည်၊ဆား၊ဆီ၊ငါးခြောက် ဟင်းသီးဟင်းရွက်နှင့်စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းပေးထားကြောင်း၊ သို့သော် လုံလောက်မှုမရှိသေး၍ ပြည်တွင်းပြည်အလှူရှင်များလည်း ကူညီထောက်ပံ့ပေးရန် မေတ္တာရပ်ခံကြောင်း Black Vote Fighterအဖွဲ့က ပြောသည်။

“လက်တလောအခြေအနေမှာ အခက်အခဲတွေရှိနေပါတယ်။ စားနပ်ရိက္ခာနေထိုင်ဖို့တော်တော် လေးကိုအခက်ခဲတွေရှိနေပါတယ်။ ပြည်တွင်း၊ပြည်ပအလှုူရှင်များ ကူညီပံ့ဖိုးပေးမေတ္တာရပ်ခံအပ်ပါတယ်။ Black Vote fighter pageမှာဆက်သွယ်လှုူဒါန်းနိုင်ပါတယ်”ဟု Black Vote Fighterအဖွဲ့က ပြောသည်။

ထို့အပြင် ဆေးဝါးနှင့်ရိက္ခာအကူအညီများ၊မီးလောင် ဆုံးရှုံးသွားသော နေအိမ်ရှိပြည်သူများအတွက် အဝတ်အထည်နှင့်ထောက်ပံ့ကူညီမှုများလိုအပ်လျက်ရှိကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် တစ်ပတ်အတွင်း ပြည်သူနှစ်ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး တောကြီးကျေးရွာအနီးရှိ PDF စခန်းငယ် ငါးခုကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

You May Also Like

သတင်း

ဇန်နဝါရီ ၃၀ရက်က ကန်တော်ကျေးရွာရှိ နေအိမ် ၇၀ခန့်ကို မီးရှို့ခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် ဆားကျင်းရွာမှ နေအိမ် ၃၀ခန့်ကို မီးရှို့ခဲ့သည်ဟုဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇန်နဝါရီ၂၃ ရက်ဝန်းကျင်က ရေဦးမြို့နယ်မှတဆင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းသို့ဝင်ရောက်ကာ ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ ခိုးမှုအပြင် အုပ်စုဖွဲ့လုယက်တာတွေ ၊ ဓားပြတိုက်တာတွေ ဟာ မကြာခဏဆိုသလိုဖြစ်ပွားနေတာပါ။

သတင်း

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လယ်ယာသုံး ခိုင်းနွား တစ်ကောင်သေဆုံး၍ အကောင်ရေ(၂၀)ခန့် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး လယ်ယာသုံး ခုတ်စက်များ၊ရေစုပ်စက်များလည်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။