Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယာယီသမ္မတ၏ Facebookစာမျက်နှာ ယမန်နေ့ညက တိုက်ခိုက်ခံရ

အမျိုးသားညီညွတ်ရေးအစိုးရ နည်းပညာအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် ယနေ့နံနက် (ဖေဖော်ဝါရီ ၂ရက်)တွင် လက်ဝယ်ခိုင်ခိုင်မာမာပြန်လည်ရရှိခဲ့ပြီး ဖေ့ဘွတ်စာမျက်နှာ လုံခြုံရေးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

ယာယီသမ္မတ၏ Facebookစာမျက်နှာ ယမန်နေ့ညက တိုက်ခိုက်ခံရ
ယာယီသမ္မတ၏ Facebookစာမျက်နှာ ယမန်နေ့ညက တိုက်ခိုက်ခံရ

▪️ယနေ့နံနက်တွင် ပြန်လည်ရရှိဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလ၏ လူမှုကွန်ရက် Facebook စာမျက်နှာတိုက်ခိုက်ခံရကြောင်း ယာယီသမ္မတရုံးက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ၁ရက်)တွင် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်သည့်အနေဖြင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏တိတ်ဆိတ်ခြင်းသပိတ် အား အောင်ပွဲခံနေကြစဉ် ည ၇နာရီဝန်းကျင်တွင် ယာယီသမ္မတကြီး၏ လူမှုကွန်ရက်စာမျက်နှာသည် မသမာသူရန်သူ့ဘက်တော်သားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ဖော်ပြ သည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ခံရ၍ စာမျက်နှာပေါ်မှ ပို့စ်များအားလုံးလည်း ပျောက်ပျက်သွားခဲ့သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ နည်းပညာအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် ယနေ့နံနက် (ဖေဖော်ဝါရီ ၂ရက်)တွင် လက်ဝယ်ခိုင်ခိုင်မာမာပြန်လည်ရရှိခဲ့ပြီး ဖေ့ဘွတ်စာမျက်နှာ လုံခြုံရေးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

ရန်သူသည် အွန်လိုင်းတိုက်ခိုက်မှုများကို ယခင်ကထက် ဖိဖိစီးစီးအားထုတ်လုပ်ဆောင်လာနေသောကြောင့် ဆိုရှယ်မီဒီယာကိုအသုံးပြုနေကြသော တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မိသားစုဝင်များ အားလုံးပိုမိုသတိထားကြရန် သတိပေးထားပြီးလိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်များအား သက်ဆိုင်ရာဌာနများတွင် ရယူပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

You May Also Like

သတင်း

ယာယီသမ္မတက တိုင်းရင်းသား ပြည်သူလူထုများထံသို့ ယနေ့ (ဇန်နဝါရီ ၂၉ရက်)တွင် ပြောကြားသည့် သတင်းစကားကို ၎င်း၏ လူမှုကွန်ရက်မှတဆင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

ခုခံတော်လှန်စစ်၌ ခိုင်မာသောမဟာမိတ်ဆက်ဆံရေးကိုလည်း စနစ်တကျ တည်ဆောက်နေကြကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ဘုံသဘောတူညီချက်များ၊ ဘုံရည်မှန်းချက်များ လိုအပ်ကြောင်း ၎င်းက ဆိုသည်။

သတင်း

နိုင်ငံအတွင်း ပြည်သူလူထုများ၏ နေ့စဉ် လူမှုစီးပွားဘ၀ ကွာဟချက်များ ကြီးမားလာသည်ကို တွေ့ရပြီး လက်နက်ကိုင် အကျပ်အတည်းများကြား၌ ပျက်စီး ယိုယွင်းသွားသည့် ပြည်သူ့ဘ၀ များစွာ ရှိသည်ဟု ၎င်းက ဆိုသည်။

သတင်း

အစိုးရအနေဖြင့် လူထုလမ်းညွှန်မှုကို ခံယူသကဲ့သို့ သက်ဆိုင်ရာ သပိတ်အင်အားစုများ၏ သဘောထား အမြင်များကိုလည်း လေးစားစွာ နားထောင်နေကြောင်း ၎င်းက ဆက်​ပြောသည်။