Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူတွင် ရွေးကောက်ပွဲပြင်နေသည့် ထွေအုပ်ရုံးအား လက်ပစ်ဗုံးဖြင့်ထု

ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်) နံနက် ၁၁နာရီခန့်က ဟန်ပြရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် ဇီးကုန်းမြို့ပေါ်ရှိ စစ်အုပ်စုကို ၎င်းတို့ရှိရာ ထွေအုပ်ရုံးအတွင်းသို့ လက်ပစ်ဗုံးပစ်ကာ တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်နီ (ကန့်ဘလူ)အဖွဲ့က ဗိုလ်လင်းယုန်က ပြောသည်။

(စစ်အုပ်စုအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့်မိုင်းဆင်ထားသောဆိုင်ကယ်၊ ဓာတ်ပုံ - လင်းယုန်နီ)
(စစ်အုပ်စုအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့်မိုင်းဆင်ထားသောဆိုင်ကယ်၊ ဓာတ်ပုံ - လင်းယုန်နီ)

ရုံးရှေ့ထွက်လာသည့်စစ်အုပ်စုကို ဆိုင်ကယ်မိုင်းတပ်ကာ ထပ်မံတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့တွင် ရွေးကောက်ပွဲအတွက်ပြင်ဆင်နေသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီအဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့်ထုပြီး ရုံးရှေ့ထွ​က်လာသူများပါ ရှေ့ထွက်မိုင်းဖြင့်ပါ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်နီ(ကန့်ဘလူ)အဖွဲ့က ဗိုလ်လင်းယုန်က ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်) နံနက် ၁၁နာရီခန့်က ဟန်ပြရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် ဇီးကုန်းမြို့ပေါ်ရှိ စစ်အုပ်စုကို ၎င်းတို့ရှိရာ ထွေအုပ်ရုံးအတွင်းသို့ လက်ပစ်ဗုံးပစ်ကာ တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်နီ (ကန့်ဘလူ)အဖွဲ့က ဗိုလ်လင်းယုန်က ပြောသည်။

ထို့နောက် ဗုံးပစ်ခံရ၍ ထွက်လာသည့် စစ်ကောင်စီအုပ်စုဝင်များကို ဆိုင်ကယ်တပ်ဆင်ထားသော ရှေ့ထွက်မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း ဗိုလ်လင်းယုန်က ပြောသည်။

“သူတို့ထိုင်နေတဲ့ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်မိုင်းနဲ့ အရင်ပစ်ပြီး မျှားခေါ်ခဲ့တယ်။ မျှားခေါ်ပြီးမှ အဆင်သင့်ပြင်ထားတဲ့ဆိုင်ကယ်ထဲမှာထည့်ထားတဲ့မိုင်းနဲ့ သူတိုထွက်အလာမှာ ရမု(အဝေးထိန်းခလုတ်)နဲ့ လှမ်းခွဲတာ။ သုံးယောက်ပြင်းပြင်းထန်ထန်ထိတယ်လို့ကြားတယ်ဗျ။ အတိအကျတော့ မသိသေးဘူး။”ဟု လင်းယုန်နီ(ကန့်ဘလူ) တာဝန်ခံက ပြောသည်။

ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင် ပါဝင်ပတ်သက်မှု မပြုလုပ်ကြပါရန်နှင့် ထိုသို့ ဟန်ပြရွေးကောက်ပွဲ ဖြစ်မြောက်ရေးတွင် ပါဝင်ပတ်သက်သည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မျိုးကိုမဆို လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လင်းယုန်နီ(ကန့်ဘလူ)က သတိပေးသည်။

You May Also Like

သတင်း

အဆိုပါတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၂၁ရက် ညနေ ၄နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမည်သည့်အဖွဲ့ကပစ်ခတ်သည် တိုက်ခိုက်သည်ကိုမူ မသိရသေးပေ။

သတင်း

အကြမ်းဖက်စစ်ကောင်စီ၏ တရားမ၀င်ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေမှုများကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လုံးဝလက် သင့်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး

သတင်း

၂၀၂၃အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် စစ်ကောင်စီက ပြင်ဆင်လျက်ရှိရာ ပလက်ဝမြို့နယ်အတွင်း၌လည်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စတင်နေကြောင်း ဖော်ပြထားသည်။

သတင်း

ဗိုလ်မှူးဟောင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုကြောင့် ရန်ကုန်မြို့ရှိ မီးပွိုင်များ အပါအဝင် လမ်းမအများစု၌ ယာဥ်စစ်ဆေးမှုများစွာကြုံတွေ့နေရသည်ဟုလည်း အငှားယာဥ်မောင်းများက အသိပေးသည်။