Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်ချောင်းမြို့နယ်တွင်ပျူတစ်ဦးပစ်ခတ်ရှင်းလင်းခံရပြီးနောက်စစ်တပ်ကစာသင်​ကျောင်းကိုမီးရှို့

“မနက်ပိုင်းမှာဒလန်ပျုစောထီးကိုရှင်းလိုက်ပြီးစစ်တပ်နဲ့ ပျူစောထီးတွေ ၂၀လောက် ရောက်လာပြီးစစ်ဆေးရေးလုပ်တယ်။ပြီးတော့ ကျောင်းက မီးလောင်သွားတာ”ဟုဒေသခံကပြောသည်။

(စာသင်​ကျောင်းမီး​လောင်​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(စာသင်​ကျောင်းမီး​လောင်​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာတွင်စစ်​ကောင်စီတပ်လက်​အောက်ခံ ပျူစောထီးတစ်ဦးကိုPDFများက ပစ်ခတ်ရှင်းလင်းခံရပြီးနောက် ထိုရွာရှိ အထက်တန်းကျောင်းကို စစ်ကောင်စီတပ်က မီးရှို့လိုက်ကြောင်း ဒေသခံများကပြောသည်။

​ဖေ​ဖော်ဝါရီ ၃ ရက်မနက်ပိုင်း ၄ နာရီခန့်က ညောင်ဇင်ရွာမှ ထားဝယ်မြို့ကို သွားသည့် ပျူစောထီးတစ်ဦးကို ဒေသခံကာကွယ်ရေးတပ်များက ပစ်ခတ်ရှင်းလင်းပြီးနောက် နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများက စာသင်ကျောင်းကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သရက်ချောင်းမြို့နယ်ရှိ ဒေသခံတစ်ဦးကပြောသည်။

“မနက်ပိုင်းမှာဒလန်ပျုစောထီးကိုရှင်းလိုက်ပြီးစစ်တပ်နဲ့ ပျူစောထီးတွေ ၂၀လောက် ရောက်လာပြီးစစ်ဆေးရေးလုပ်တယ်။ပြီးတော့ ကျောင်းက မီးလောင်သွားတာ”ဟုဒေသခံကပြောသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်မှုဖြစ်ပွားပြီး​​​နောက် ဒေသခံများက နေအိမ်ထဲမှ အပြင်မထွက်ကြဘဲ စာသင်ကျောင်းမီးလောင်ချိန်မှသာ သိရသည်ဟု ဒေသခံအချို့ကပြောသည်။ အဆိုပါကျောင်းသည် စာသင်ကြားမှုမရှိတော့၍ ကျောင်းဖွင့်ထားနိုင်ခြင်းမရှိသည့် ကျောင်းဖြစ်သည်ဟုဒေသခံများကပြောသည်။

“ရုံးခန်းတစ်ခုပဲ ကျန်ခဲ့တော့တယ်၊ အကုန်လုံးပြာကြသွားပြီ”ဟု အဆိုပါကျောင်းတွင်တက်ရောက်ခဲ့သည့် အခြားဒေသခံတစ်ဦးကပြောသည်။

ပျူ​စောထီးအားပစ်ခတ်ရှင်းလင်းမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။

ညောင်ဇင်ရွာသည် ရန်ကုန်-ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးဘေးတွင်တည်ရှိသော ကျေးရွာတစ်ခုဖြစ်သည်။

You May Also Like

သတင်း

ထိုသို့ပစ်ခတ်မှုကြောင့် ပုဏ္ဏားကြီးရွာနေ အသက် (၆၀)အရွယ် အမျိုးသားကြီးတစ်ဦး ညာဘက်နားနောက်တည့်တည့်တွင် လက်နက်ကြီးစထိမှန်ခဲ့ပြီး မြေပြင်ကျန်းမာရေးစောင့်ရှောက်သူများက အရေးပေါ်ဆေးကုသမှုပေးနေကြောင်း အထက်ပါအဖွဲ့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ၃၁ ရက်ညက ဘုန်းကြီးကျောင်း၌ ညအိပ်ပြီးမူးရစ်သောက်စားခဲ့ကြောင်း၊ ၎င်းတို့ထွက်သွားပြီးနောက် ဘုန်းကြီးကျောင်းအတွင်း၌ ကွန်ဒုံးများ၊ အမျိုးသမီးအတွင်းဝတ်အင်္ကျီများတွေ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့ နေ့လည်ပိုင်းအချိန်၌ စစ်ကောင်စီတပ်က လေယာဉ်များဖြင့် တပ်အင်အား လာရောက်ဖြည့်ဆည်းနေကြောင်း ဘုရားသုံးဆူမြို့ မြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့ထံမှ သိရသည်။ ” သူတို့ဖက်က အဖက်ဖက်ယိုယွင်းနေပြီလေ၊ ကုန်းကြောင်းနဲ့တက်လာမရဲလို့ လေယာဉ်နဲ့ လူလာချတာပါ။ ပြောလို့တော့မရဘူးဗျ ခန့်မှန်းအင်အား (၈၀)ဝန်းကျင်ရှိမယ်၊ ခန့်မှန်းခြေပါ” ဟု ၎င်းအခြေအနေနှင့်...

သတင်း

စစ်ကောင်စီတပ်သည် (၁)နှစ်အရွယ်ကလေးငယ်တစ်ဦး၊ ၁၇နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးအပါအဝင် စုစုပေါင်း ၅ဦးအား သတ်ဖြတ်သွားကြောင်း၊ အဆိုပါ ၅ ဦးအနက် သုံးဦးမှာ