Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUတပ်မဟာ(၅)နယ်မြေ ဇန်နဝါရီတိုက်ပွဲများတွင် စစ်ကောင်စီတပ် ၅၀ခန့်သေဟု ထုတ်ပြန်

ဇန်နဝါရီအတွင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်မဟာ(၅) နှင့် စစ်ကောင်စီ ၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ တိုက်ပွဲပေါင်း ၂၀၉ ကြိမ် ဖြစ်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မူတြော်ခရိုင်ရှိ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မူတြော်ခရိုင်ရှိ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)

▪️စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၄ဦးအသက်ဆုံးရှုံးရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင်အတွင်း၌ ဇန်နဝါရီအတွင်း တိုက်ပွဲပေါင်း ၂၀၀ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၇ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ (၅)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီအတွင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်မဟာ(၅) နှင့် စစ်ကောင်စီ ၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ တိုက်ပွဲပေါင်း ၂၀၉ ကြိမ် ဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် ၎င်း၏ ခါးပိုက်ဆောင်BGFတပ်ဖွဲ့ဝင် ၄၇ဦးသေဆုံးကာ ၅၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံးသူများအနက် တပ်ခွဲမှူးတစ်ဦး ပါဝင်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီ၏ စစ်တန်းလျား ၆လုံးနှင့် စစ်သုံးမော်တော်ယာဉ် တစ်စီးအား ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲအတွင်း KNLAတပ်ဖွဲ့ဝင်များထိခိုက်ကျဆုံးအခြေအနေကို ဖော်ပြထားခြင်းမရှိပေ သို့ရာတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက် မှုကြောင့် အရပ်သား ပြည်သူ ၁၄ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် (၂၄)ကြိမ်တိုင် ဗုံးဆံများလာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူလူထု နေအိမ် ၅၀ ကျော် ထိမှန် ပျက်စီးခဲ့ပြီး မီးလောင်ပြာကျခဲ့သည့် နေအိမ်များလည်း ရှိကြောင်း ဖော်ပြသည်။ မီးလောင်ပြာကျခဲ့သည့် အဆောက်အဦးများထဲ၌ ဆေးရုံဆေးခန်း (၄)လုံးဘာသာရေးအဆောက်အဦးဘုရားကျောင်းကန် (၄)ခု ပါဝင်ကြောင်း ထုတ်ပြန်သည်။

You May Also Like

သတင်း

ထိုသို့ပစ်ခတ်မှုကြောင့် ပုဏ္ဏားကြီးရွာနေ အသက် (၆၀)အရွယ် အမျိုးသားကြီးတစ်ဦး ညာဘက်နားနောက်တည့်တည့်တွင် လက်နက်ကြီးစထိမှန်ခဲ့ပြီး မြေပြင်ကျန်းမာရေးစောင့်ရှောက်သူများက အရေးပေါ်ဆေးကုသမှုပေးနေကြောင်း အထက်ပါအဖွဲ့က ပြောသည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှု ၂နှစ်တာ ကာလအတွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား People’s Spring က ဖေဖော်ဝါရီ ၂ရက် တွင် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

သတင်း

ယနေ့ တိုက်ပွဲအတွဗင်း ရန်သူ့တပ်သားနှင့်ပျုစောထီး (၂၀)ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်(၂)ဦး ကျဆုံးခဲ့ကြောင်း အသိပေးထားသည်။

သတင်း

စံပြ(၆)မိုင်ကျေးရွာနှင့် အနီးတဝိုက်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် များနှင့် KNDF တို့ ထိတွေ့တိုက်ပွဲများ (၆)ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သည်။