Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လှိုင်မြို့နယ်တွင် ရွေးကောက်ပွဲမဲစာရင်း ဦးဆောင် ကောက်ခံသူတစ်ဦး ပစ်သတ်ခံရ

“ဦးလူအေးက တိုက်ခန်းက ဆင်းလာတုန်း အနီးကပ်ပစ်ခံလိုက်ရတာပါ။ ခေါင်းကိုပဲတည်ပစ်သွားတာပါ။ နေရာမှာတင် ပွဲချင်းပြီးသေသွားပါတယ် “ဟု ၎င်းက ပြောသည်။

ပစ်ခတ်ခံရပြီးနောက် တွေ့ရစဉ်
ပစ်ခတ်ခံရပြီးနောက် တွေ့ရစဉ်

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်းများ ဦးဆောင်၍ လိုက်လံကောက်ခံသူ သတင်းပေး ဦးလူအေး ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၃ ရက်) ည​နေ ၃နာရီကျော် က လှိုင်မြို့နယ် (၁)ရပ်ကွက် ဇေယျမင်္ဂလာ (၂) လမ်းတွင် နေထိုင်သည့် စစ်ကောင်စီ သတင်းပေး ဦးလူအေးသည် နေအိမ် တိုက်ခန်းမှ ဆင်းလာစဥ် အမည်မသိ လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် နေရာမှာပင် သေဆုံးခဲ့ကြောင်း လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“ဦးလူအေးက တိုက်ခန်းက ဆင်းလာတုန်း အနီးကပ်ပစ်ခံလိုက်ရတာပါ။ ခေါင်းကိုပဲတည်ပစ်သွားတာပါ။ နေရာမှာတင် ပွဲချင်းပြီးသေသွားပါတယ် “ဟု ၎င်းက ပြောသည်။

ဦးလူအေးသည် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး စစ်ကောင်စီ၏ အဓမ္မကြိုးပေးသတ်ခံရသည့် ကိုဖြိုးဇေယျာသော်၏ အိမ်ရှေ့တွင် အော်ဟစ်ဆဲဆို ခဲဖြင့်ပေါက်ရာတွင် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဦးလူအေးက အရင်ထဲက ရပ်ကွက်ထဲမှာ လူကြီးလုပ်တယ်။ စစ်ကောင်စီ တက်လာတော့လည်း ပျူအဖွဲဲ့ထဲမှာ ပါတယ်။ မဲစာရင်းကောက်ပေးတယ်။ ကိုဇေယျာသော်ရဲ့အိမ်ရှေ့မှာ အော်ဟစ်ဆဲဆို ခဲနဲ့ပေါက်ခဲ့တဲ့ ဒလန်ထဲမှာလဲပါတယ်လို့ သိရပါတယ်။ သူသေသွားတာပဲ ကောင်းပါတယ် “ဟု လှိုင်မြို့နယ်ခံ ပြည်သူတစ်ဦးက ဆိုသည်။

ယင်းပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

You May Also Like

သတင်း

လှိုင်မြို့နယ် (၃)ရပ်ကွက်မှ ရာအိမ်မှူးမင်းဇော်ဆိုသူအား အမည်မသိလက်နက်ကိုင်တစ်စုက ကားပေါ်မှ ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန်ပြီး နေရာတင်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

သတင်း

စစ်ကောင်စီသည် နိုင်ငံတဝှမ်းတော်လှန်မှုအားကောင်းနေသော မြို့နယ် ၃၇ မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာလိုက်ပြီး စစ်ကိုင်းတိုင်း ၁၁ မြို့နယ်အနက် ခင်ဦးမြို့နယ်လည်း ပါဝင်ခဲ့သည်။

သတင်း

အထက်ပါ တိုက်ခိုက်မှုတွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ ၄ (မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်ကို ဒရုန်းငါးစင်းဖြင့် ဗုံးသီး ၁၄ လုံးချတိုက်ခိုက်ခဲ့ရာ ၁၁လုံး ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း၊ သုံးလုံးမှာ ချို့ယွင်းမှုဖြစ်၍ မကွဲခဲ့ကြောင်း Unicorn - ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။