Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်အထူးစီးပွားရေးဇုန်တပ်စွဲမည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးအဖွဲ့တိုက်ခိုက်

ထားဝယ်မြို့မြောက်ဘက် (၁၈)မိုင်ခန့်အကွာ ထားဝယ်အထူးစီးပွားရေးဇုန်ကို လုံခြုံရေးပေးနေသည့် စစ်ကောင်စီ၏ ရဲကင်းစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့ ၅ခုက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ထားဝယ်အထူးစီးပွားရေးဇုန်တစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
ထားဝယ်အထူးစီးပွားရေးဇုန်တစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် တပ်စွဲရန်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်သဖြင့် ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က အထူးစီးပွားရေးဇုန်တွင် ဘန်ကာဆောက်ပြီး တပ်စွဲရန်ဆောက်လုပ်ရန်ပြင်ဆင်နေချိန်တွင် ဒေသခံကာကွယ်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ရေတပ်က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက အခိုင်အမာ ဘန်ကာတွေဆောက်ဖို့လုပ်နေတာကို ဝင်တိုက်ခိုက်ခဲ့ပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ချိန် နာရီဝက်ခန့်ကြာမြင့်ပြီး ဒေသခံကာကွယ်ရေးတပ်များက အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာသွားသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်သား ၁၀ဦးခန့်ရှိပြီး သုံးဦးထက်မနည်းသေဆုံးခဲ့ကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူကပြောသည်။

စစ်ကောင်စီတပ်က အထူးစီးပွားရေးဇုန် အဝင်ဝတွင် တပ်စွဲရန် ပြင်ဆင်နေဆင်နေချိန်တွင် ကာကွယ်ရေးတပ်များက လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အခြားဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ကံပေါက်မောရဝတီရေတပ်စခန်းမှ စစ်ကားများဖြင့် အထူးစီးပွားရေးဇုန်ရှိရာ နဘုလယ်ဒေသကို ယနေ့ နေ့လယ်ပိုင်းစတင်ပြီး အင်အားဖြည့်တင်းနေသည်ဟုလည်း ဒေသခံများက ဆိုသည်။

ထားဝယ်မြို့မြောက်ဘက် (၁၈)မိုင်ခန့်အကွာ ထားဝယ်အထူးစီးပွားရေးဇုန်ကို လုံခြုံရေးပေးနေသည့် စစ်ကောင်စီ၏ ရဲကင်းစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့ ၅ခုက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

အင်အား ၂၀ကျော်ရှိသည် အဆိုပါရဲကင်းစခန်းကို ၁နာရီကျော်ကြာ စီးနင်းတိုက်ခိုက်ခဲ့သော်လည်း ခံစစ်အခိုင်အမာပြင်ထား၍ ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းနိုင်ခဲ့ခြင်းမရှိပေ။

You May Also Like

သတင်း

တောပုကျေးရွာသည် မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူအင်အားကောင်းရာ ရွာတစ်ရွာဖြစ်သည်။

သတင်း

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဂျာယန်ကျေးရွာရှိ ဂျာယန်ပြည်သူ့စစ်စခန်းအတွင်း သိမ်းသွင်းစစ်မှုထမ်းစေသည့် တအာင်း(ပလောင်)လူမျိုး ၁၂၇ဦးအား TNLA တပ်မဟာ (၇)အဖွဲ့မှ ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းကလည်း ငါန်းမြာ-ငါန်းဇွန်လမ်းပိုင်း သားကျင်ရွာအနီးတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံခဲ့ရသေးသည်။

သတင်း

ဒီဖြစ်ရပ်ဟာမနေ့က မနက်ပိုင်း ၉ နာရီ ဝန်းကျင်မှာဖြစ်ပွားတာဖြစ်ပြီး အမျိုးသား ၃ ဦးက သေနတ်နဲ့ပြီး လက်ပစ်ဗုံး ပစ်ထည့်သွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။