Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းချပေးခဲ့သည့် Yangon Petrolဆီဆိုင်မြေကွက်များကိုစစ်ကောင်စီပြန်သိမ်း

Yangon Petrol အမည်ဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက နှစ် ၆၀ ဂရန်များခွင့်ပြု​ပေးခဲ့ရာ စစ်ကောင်စီက ပယ်ဖျက်လိုက်ကြောင်းယနေ့ထုတ်ပြန်ခြင်းဖြစ်သည်။

(ရန်ကုန်မြို့ သာ​ကေတရှိ Yangon Petrol စက်သုံးဆီဆိုင်။ ဓါတ်ပုံ-CJ)
(ရန်ကုန်မြို့ သာ​ကေတရှိ Yangon Petrol စက်သုံးဆီဆိုင်။ ဓါတ်ပုံ-CJ)

​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက Yangon Petrol ကုမ္ပဏီအား ချထားပေးခဲ့သည့် ဆီဆိုင်မြေကွက်များကို စစ်ကောင်စီက ပြန်လည်သိမ်းလိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင်ဖော်ပြထားသည်။

Yangon Petrol အမည်ဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက နှစ် ၆၀ ဂရန်များခွင့်ပြု​ပေးခဲ့ရာ စစ်ကောင်စီက ပယ်ဖျက်လိုက်ကြောင်းယနေ့ထုတ်ပြန်ခြင်းဖြစ်သည်။

“လက်စားချေ နိုင်ငံရေးကို စစ်တပ်ကအကောင်အထည်ဖော်နေတာ။ဒါကြောင့်အရင်အစိုးရလုပ်သမျှကိုအကုန်လုံးပြောင်းပြန်လှန်နေတာ”ဟုရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

မရမ်းကုန်မြို့နယ်တွင်မြေ ၃ဒသမ ၇ ဧကရှိသည့် မြေကွက်၊ သင်္ဃန်းကျွန်းမြို့နယ် မြေ ၀ ဒသမ ၆၉၉ ဧကရှိသည့်မြေကွက်၊ တောင်ဒဂုံမြို့နယ် စုစုပေါင်းမြေဧက ၆၈ ဧကကျော်ရှိသည့် မြေကွက် ၃ကွက်နှင့် ဒလမြို့နယ်ရှိ မြေတစ်ဧကခွဲခန့်ရှိမြေကွက် စသည်တို့ပါဝင်သည်ကို​တွေ့ရသည်။

Yangon Petrol ကုမ္ပဏီက အရပ်သားအစိုးရလက်ထက်တွင် နိုင်ငံပိုင်မြေ ၂၆ ကွက်ကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နှုန်းဖြင့် အမည်ပေါက် ဝယ်ယူခွင့်ရရှိခဲ့ပြီးနောက်ဂရန့်အမည်ပေါက်ရရှိခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ထိုသို့ နိုင်ငံပိုင်ကို မြေကွက်ကို ရောင်းချခဲ့ခြင်းကြောင့်ကျပ် သန်း ၄၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဦးဟံထွန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တွဲဖက်အတွင်းရေးမှူး ဦးသန်း တို့ကိုအဂတိလိုက်စားသည်ဟုစွပ်စွဲကာအမှုဖွင့်ခဲ့သည်။

You May Also Like

သတင်း

ထို့အပြင် မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင် လောင်းကစားဝိုင်းများ ဆက်လက်ပြုလုပ်ပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ ဂျပန် အစိုးရ ငွေကြေးထောက်ပံ့တဲ့ တံတားတည်ဆောက်မှု ပရောဂျက် တစ်ခုအတွက် အဲဒီလို ငွေကြေး လွှဲပြောင်း ပေးချေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်း

ယာယီသမ္မတက တိုင်းရင်းသား ပြည်သူလူထုများထံသို့ ယနေ့ (ဇန်နဝါရီ ၂၉ရက်)တွင် ပြောကြားသည့် သတင်းစကားကို ၎င်း၏ လူမှုကွန်ရက်မှတဆင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၃လုံးနှင့် စပါးကျီ ၁၃လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကျွန်းလှ - ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။