Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးကို သွားလာခွင့်ပိတ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ထီးကပလယ်တပ်စခန်းကို KNDO ဦးဆောင်သည့်ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ပြီးနောက် ယင်းကဲ့သို့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးကို သွားလာခွင့်ပိတ်

ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးအား ယနေ့မှစပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ပင်လိုက်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) အမှတ်(၈)တပ်ရင်းမှ အသိပေးထုတ်ပြန်လိုက်သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ထီးကပလယ်တပ်စခန်းကို KNDO ဦးဆောင်သည့်ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ပြီးနောက် ယင်းကဲ့သို့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးကို သွားလာခွင့်ပိတ်
ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးကို သွားလာခွင့်ပိတ်

ယခုလို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ခြင်းသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ပြီး အရပ်သားများအပေါ် တစ်စုံတစ်ရာ ထိခိုက်မှုရှိမှာ စိုးရိမ်သည့်အတွက်ကြောင့် ဖြစ်မည်ဟု ကရင်ဒေသခံတစ်ဦးက ပြောသည်။

တပ်မဟာ(၆)နယ်မြေ မြ၀တီမြို့တောင်ဘက် ဝေါလေ၊ စုကလိဒေသအနီး ထီးကပလယ်ကျေးရွာအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ(၃၁)ရက်က KNDO ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနှင့်သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ခွဲမှူးနှစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့ကြောင်း KNDO တပ်ဖွဲ့ထံမှ သိရသည်။

Public Service Announcement
Public Service Announcement

ယခုလို စစ်ကောင်စီ၏ တပ်စခန်းအား KNDO ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ပြီးသည်နောက် ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးအား ယနေ့ ဖေဖေါ်ဝါရီလ(၈)ရက်ကစ၍ အရပ်သား၊ အဖွဲ့အစည်း မည်သည့်ကားဆိုင်ကယ်များမဆို လုံး၀ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း KNDO ၏ အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးကို သွားလာခွင့်ပိတ်
ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးကို သွားလာခွင့်ပိတ်

တိုက်ပွဲကာလအတွင်း ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ရှိသူများမှာ တိုက်ပွဲအတွင်း ပူးပေါင်းပါဝင်လျက်ရှိသော ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဖြစ်သည်ဟု KNDO တပ်ရင်း(၈)၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ထီးကပလယ်တပ်စခန်းကို (၂၀၂၂)ခုနှစ် မတ်လပိုင်းက KNDO ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သေးပြီး စခန်းကုန်းအောက်ပိုင်းအထိ သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့သည့်အတွက် ပူးပေါင်းတပ်ဖွဲ့မှ စခန်းကို မသိမ်းနိုင်ပဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၄၄၃)ကွပ်ကဲမှု၏ ခမရ(၁၀၄) အား KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂)၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့၊ Federal Wings ဒရုန်းအဖွဲ့ တို့ ယနေ့ စက်တင်ဘာ ၂၆ နေ့လည်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သတင်း

အဆိုပါ ဒေသရှိ ကျေးရွာများတွင် တောင်ပေါ်ဌာနေ ကရင်တိုင်းရင်းသား လူမျိုးများနေထိုင်ကြပြီး စစ်ဒဏ်နှင့် ခေတ်အဆက်ဆက် အုပ်စိုးခဲ့သော မြန်မာအစိုးရတို့၏ ဖိနှိပ်မှုအမျိုးမျိုးဒဏ်ကို ခံစားခဲ့ကြရသည်ဟု ထုတ်ပြန်သည်။

သတင်း

လက်ရှိမှာတော့ ကေအဲန်ယူ-လယ်ဒိုမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေထဲမှာ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာပေါင်း(၄၅)ရွာက အိမ်ခြေစုစုပေါင်း(၃၁၈၂)အိမ်နဲ့ လူဦးရေစုစုပေါင်း(၁၇၀၆၇)ဦးအထိ တိုးလာတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ယခုတွင်မှု မိသားစုကို စွန့်ပစ်ပြီး တော်လှန်ရေးပြီးမြောက်ရန် ပြည်သူဘက်က ဝိုင်းဝန်းပူးပေါင်း ရပ်တည်မည်ဟု ဆုံးဖြတ်၍ CDM ပြုလုပ်ခဲ့ခြင်းဟု ၎င်းတို့က ဆိုသည်။