Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်အဖွဲ့ဝင် လူငယ် ၄ ဦး ဖမ်းခံရပြီး ၁နှစ်ကြာချိန်အထိသတင်းအစအနမရ

သပိတ်အဖွဲ့ဝင် ကိုသူရအောင် ၊ ကိုရဲဇင်ထွန်း၊ ကိုစိုးလင်းအောင် ၊ကိုလှမျိုးအောင် တို့ ဟာ ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလ ၉ ရက်က ဖမ်းခံခဲ့ရတာပါ။

သပိတ်အဖွဲ့ဝင် လူငယ် ၄ ဦး ဖမ်းခံရပြီး ၁နှစ်ကြာချိန်အထိသတင်းအစအနမရ
သပိတ်အဖွဲ့ဝင် လူငယ် ၄ ဦး ဖမ်းခံရပြီး ၁နှစ်ကြာချိန်အထိသတင်းအစအနမရ

စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေး မြေပြင်သပိတ်အဖွဲ့ဝင် လူငယ် ၄ ဦး ဖမ်းခံရပြီး ၁ နှစ်ရှိလာပြီဖြစ်ပေမယ့် အဆက်အသွယ်မရမသေးလို့မိသားစုဝင်တွေ စိတ်ပူနေတယ်လို့ မန္တလေး သပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။

သပိတ်အဖွဲ့ဝင် ကိုသူရအောင် ၊ ကိုရဲဇင်ထွန်း၊ ကိုစိုးလင်းအောင် ၊ကိုလှမျိုးအောင် တို့ ဟာ ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလ ၉ ရက်က ဖမ်းခံခဲ့ရတာပါ။

မန္တလေး ၊မဟာအောင်မြေမြို့နယ် နေအိမ် မှာ ရှိနေချိန် ဝင်ရောက်စီးနင်းဖမ်းခံလိုက်ရတာဖြစ်ပြီး ဖမ်းခံရချိန်က စကာ ဒီနေ့အချိန်ထိ သတင်းအစအန အဆက်အသွယ်မရသေးဘူးလို့သိရပါတယ်။

ဒါကြောင့် သူတို့ရဲ့အသက်အန္တရာယ်အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့သိရပါတယ်။

လူငယ် ၄ ဦးဟာ စစ်ကောင်စီရဲ့ဖမ်းဆီးတာ မခံရချိန်က ကျန်းမာရေးကောင်းမွန်သူတွေဖြစ်လို့ ဖမ်းဆီးပြီးနောက် ဖြစ်ပေါ်လာသမျှအားလုံးကို တာဝန်ယူ၊တာဝန်ခံရမှာဖြစ်တယ်လို့ မန္တလေးသပိတ်အင်အားစုက အသိပေးလိုက်ပါတယ်။

You May Also Like

သတင်း

ဖမ်းမိသူ ၁၆ ဦးထဲမှာ မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်ထဲက ကျောင်းထိုင်ဆရာတော် ၁ ပါးကိုပါ လူဝတ်လဲပြီး စစ်ကောင်စီက ဖမ်းဆီးထားတာတွေ့ရပါတယ်။

သတင်း

အခင်းဖြစ်တဲ့ဆိုင်ဟာ ပြည်ကြီးတံခွန်မြို့နယ် ၊ဇ ရပ်ကွက် ၊ ၁၃၃ လမ်း၊ ၆၀ ( D ) လမ်းနဲ့ ၆၀ (E) လမ်းကြားမှာရှိတဲ့ Bar Mega စားသောက်ဆိုင်ဖြစ်ပါတယ်။

သတင်း

ဒီဇင်ဘာ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကာ PDFရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့သည်။

သတင်း

"ဒီအပတ်အတွင်း ရန်ကုန်မှာ ဖမ်းစီးခံရတာ ၄၀ကျော်လောက်ရှိပါတယ်။UG အများအပြားး ၊ သပိတ်ရဲဘော် ၊ ထောက်ပို့အချို့နဲ့ အရပ်သားလူငယ်တွေပါ ဖမ်းစီးခံရတာပါ။"ဟု ၎င်းကပြောသည်။