Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ် ကင်းရွာတွင် စစ်ကောင်စီတပ်က လူငယ်တစ်ဦးအား သတ်ဖြတ်၊ အဘွားအိုတစ်ဦးလည်း အမောဖောက်သေဆုံး

ဒီဇင်ဘာ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကာ PDFရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့သည်။

မြိုင်မြို့နယ်
မြိုင်မြို့နယ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကင်းကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်းက အမျိုးသားတစ်ဦးအား ရိုက်နှက်သတ်ဖြတ်သွားပြီး ထွက်ပြေးတိမ်းရှောင်သည့် အသက်(၈၀)ကျော် အဘွားအိုတစ်ဦးလည်း အမောဖောက်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၆ ရက်)နံနက်ပိုင်းက ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် မြိုင်မြို့နယ်အရှေ့တောင်ပိုင်းရှိ ကင်းကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။

ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ထိုရွာနေအသက်ရှစ်ဆယ်ခန့် အဘွားအိုတစ်ဦးအမောဖောက် သေဆုံးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

“ကင်းကျေးရွာမှာ နှစ်ဦးသေတာပါ။ မီးရှို့တာတော့ ဒီတစ်ခေါက် မကြားမိဘူးဗျ။”ဟု We Love Myaing အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်က ကင်းကျေးရွာနေ အသက် (၃၀)ခန့် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးရိုက်နှက်ခဲ့ရာမှ သေဆုံးသွားခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ယမန်နေ့ညက ကင်းကျေးရွာတွင် ညအိပ်ပြီး ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ရွာသို့ ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကာ PDFရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် ထိုနေ့က မြိုင်မြို့နယ်၊ ဖောင်းကားရွာ၌ ပြည်သူလေးဦးကို သတ်ဖြတ်ခဲ့သည်။ ထို့အပြင် တောင်ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ CDM ဆရာမ၏ ဖခင်ဖြစ်သူ အသက်(၈၆ ) နှစ်အရွယ် အဘိုးအိုတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့သည်။ နေအိမ်ပေါင်း ၄၅ လုံး၊ ကားနှင့် ဆိုင်ကယ်များ၊ မြေပဲတင်း ၃၀၊စပါးတင်း ၅၀၊နှမ်းတင်း ၄၀လည်းမီးထဲပါသွားကြောင်း ဒေသခံများက ပြောသည်။

You May Also Like

သတင်း

ယမန်နေ့( ဒီဇင်ဘာ ၂၇ရက်)ကလည်း ရေစကြိုနှင့်မြောက်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများနှင့်အသုံးအဆောင်ပစ္စည်းများကို မြောင်လူငယ်ကွန်ယက် YFC၊ CDSOM၊ Pdf - Taloke ၊ မြင်းမူ CRF တို့က သွားရောက်လှူဒါန်းခဲ့ကြသည်။

သတင်း

ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)ညနေ ၃နာရီခန့်က မုံရွာမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ တောပုရွာရှိ ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ယမန်နေ့ (ဒီဇင်ဘာ၂၆ ရက်) ညနေ ၅နာရီခန့်က ဒီပဲယင်းမြို့ပေါ် ဆရာစံခန်းမမှ ထွက်လာ​သော တပ်ရင်း (၇၀၁)၏ အင်အား(၆၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကြည်ရွာနှင့် ဘုရားထွက်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ် ပစ်ခတ်၍ ဒေသခံ ရွာသား တစ်ဦး လက်တွင်ဒဏ်ရာရခဲ့ပြီး ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဆိုသည်။