Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နှစ်သစ်ကူးည မန္တလေးမှာ လူငယ် ၁ ဦး ပစ်သတ်ခံရ

အခင်းဖြစ်တဲ့ဆိုင်ဟာ ပြည်ကြီးတံခွန်မြို့နယ် ၊ဇ ရပ်ကွက် ၊ ၁၃၃ လမ်း၊ ၆၀ ( D ) လမ်းနဲ့ ၆၀ (E) လမ်းကြားမှာရှိတဲ့ Bar Mega စားသောက်ဆိုင်ဖြစ်ပါတယ်။

နှစ်သစ်ကူးည မန္တလေးမှာ လူငယ် ၁ ဦး ပစ်သတ်ခံရ
နှစ်သစ်ကူးည မန္တလေးမှာ လူငယ် ၁ ဦး ပစ်သတ်ခံရ

နှစ်သစ်ကူးည မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်ထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ လူငယ်တွေအချင်းများနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး လူငယ် ၁ ဦးကို သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားပါတယ်။

အခင်းဖြစ်တဲ့ဆိုင်ဟာ ပြည်ကြီးတံခွန်မြို့နယ် ၊ဇ ရပ်ကွက် ၊ ၁၃၃ လမ်း၊ ၆၀ ( D ) လမ်းနဲ့ ၆၀ (E) လမ်းကြားမှာရှိတဲ့ Bar Mega စားသောက်ဆိုင်ဖြစ်ပါတယ်။

အဲဒီဆိုင်မှာ နှစ်သစ်ကူးည ၁၀ နာရီဝန်းကျင် လူငယ်အချို့ အချင်းများနေချိန် စစ်ကောင်စီတပ်က ရောက်လာပြီး ပစ်ခတ်ရာ သေနတ် ၂ ချက် မှန်ပြီး လူငယ် ၁ ဦးသေဆုံးသွားတာလို့ စုံစမ်းသိရပါတယ်။

ဖြစ်စဉ်ကို စစ်တပ်လော်ဘီ လူမှုကွန်ရက်တွေမှာတော့ လူငယ် ၂ ဦး စားသောက်ဆိုင်မှာ ဆဲဆို ရမ်းကားတယ်ဆိုတဲ့သတင်းအရ သွားရောက်ထိန်းသိမ်းရာ အမည်မသိ အမျိုးသား က တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ထိုးကြိတ် သေနတ်လုရာမှာ ကျည်ထွက်ပြီး ရင်ဘတ်မှန်ကာ သေဆုံးသွားတာလို့ ဖြန့်ဝေနေတာတွေ့ရပါတယ်။

သေဆုံးသွားသူလူငယ်ဟာ ညာဘက် ရင်အုံကို သေနတ် ၂ ချက်ထိမှန်ခဲ့တယ်လို့သိရပါတယ်။

You May Also Like

သတင်း

လာမည့်နှစ်သစ်တွင် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးအတွက် တော်လှန်ရေးကိုအရှိန်မြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထားသည်။

သတင်း

စစ်ကောင်စီသည် ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီးများ၌ နှစ်သစ်ကူးပွဲကျင်းပရန် စီစဉ်နေပြီး နှစ်သစ်ကူးညတွင် ညမထွက်ရအမိန့် သတ်မှတ်ချက်များ ခေတ္တပယ်ဖျက်ကြောင်း ကြေညာထားသည်။

သတင်း

နှစ်သစ်ကူးပွဲကိုနေပြည်တော်မှာဆိုရင် ရေပန်းဥယျာဉ် ၊ရန်ကုန် မှာ ပြည်သူရင်ပြင်နဲ့ မန္တလေးမှာ မန္တလာသီရိအားကစားကွင်း တွေမှာ စည်ကားအောင်ကျင်းပဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။

သတင်း

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့က နေအိမ်တွေကို တာဝါတိုင်၊ သံလမ်း၊ လမ်းမြေနဲ့မလွတ်လို့ဆိုကာ ကျူးကျော်လို့သတ်မှတ်ပြီး ရှင်းလင်းဖယ်ရှားခဲ့တာတွေလုပ်ခဲ့ပါတယ်။