Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တံတားဦးလေတပ်စခန်း လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

တံတားဦးလေတပ်သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် အဓိက ဗုံးကြဲတိုက်ခိုက်နေသော လေတပ်တစ်ခုဖြစ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Freedom Revolution Forceက ပြောသည်။

(လေတပ်စခန်းတစ်ခုရှိ တိုက်လေယာဉ်တစ်စင်းအား ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - CJ)
(လေတပ်စခန်းတစ်ခုရှိ တိုက်လေယာဉ်တစ်စင်းအား ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းအား ယမန်နေ့ညက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းFreedom Revolution Force (FRF)အဖွဲ့က စစ်ဆင်ရေးတာဝန်ခံ Eagle 2 က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၉ရက်) ည ၁၀နာရီခန့်က တံတားဦးလေတပ်စခန်းအား (၉၀)မမ ရှော့တိုက်ဒုံး လက်နက်ကြီး လေးလုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ပြီး ပျက်စီးထိခိုက်မှုများရှိကြောင်း FRF၏ စစ်ဆင်ရေးတာဝန်ခံ Eagle 2က ပြောသည်။

“လေယာဥ်ဂိုဒေါင်ကိုပစ်တာ။ ပစ်ဖို့စီစဥ်နေတာတော့ကြာပြီ။ အတွင်းထဲကို စိမ့်ဝင်နေရတာနဲ့ ရက်နည်းနည်းကြာသွားတာ။ မနေ့ညကမှ အောင်အောင်မြင်မြင် ပစ်ခတ်နိုင်ခဲ့တာ။ ပထမဆုံးတစ်လုံးအရင်လွှတ်ပြီး နောက်သုံးလုံးက ဆက်တိုက်ပေါ့။ အခုမနက်ပိုင်းသတင်းရတာက သူတို့အဝင်အထွက်တွေ ရှုပ်နေတယ်။ အပျက်အစီးတွေ ရှင်းလင်းနေတယ်လို့ကြားတယ်။”ဟု FRF၏ စစ်ဆင်ရေးတာဝန်ခံ Eagle 2 က ပြောသည်။

တံတားဦးလေတပ်သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် အဓိက ဗုံးကြဲတိုက်ခိုက်နေသော လေတပ်တစ်ခုဖြစ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Freedom Revolution Forceက ပြောသည်။

တံတားဦးလေတပ်စခန်းသည် ပထမဆုံးပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း နယ်ခံများက ပြောသည်။

တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်မှုအပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို FRF ၏ အထူးတာဝန်တပ်ဖွဲ့ဖြစ်သော Eagle 2 အဖွဲ့နှင့် မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း၊ တပ်ခွဲ – ၃(Truth Keeping Force)၊ တံတားဦးပကဖအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Freedom Revolution Force (FRF)အဖွဲ့သည် ပြီးခဲ့သည့်နှစ်အတွင်းက မုံရွာ(နမခ)အတွင်းသို့လည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။

You May Also Like

သတင်း

စစ်ကောင်စီလက်အောက်ခံ စစ်ရေးပစ်မှတ်နှစ်ခုအား ပစ်ခတ်တိုက်ခိုက်မှုများတွက် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်သော်လည်း အတည်ပြုစုံစမ်းဆဲဖြစ်ကြောင်း Eagle Force က အသိပေးထားသည်။

သတင်း

ထိခိုက်မှုများရှိ၍ နမခအတွင်း ဆေးရုံကားများ ဝင်ထွက်သွားလာသ​ည်ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

သတင်း

ထိုသို့ပစ်ခတ်မှုကြောင့် ပုဏ္ဏားကြီးရွာနေ အသက် (၆၀)အရွယ် အမျိုးသားကြီးတစ်ဦး ညာဘက်နားနောက်တည့်တည့်တွင် လက်နက်ကြီးစထိမှန်ခဲ့ပြီး မြေပြင်ကျန်းမာရေးစောင့်ရှောက်သူများက အရေးပေါ်ဆေးကုသမှုပေးနေကြောင်း အထက်ပါအဖွဲ့က ပြောသည်။

သတင်း

လုံးခင်းလယ်ပြင်ဂိတ်ကို KIAက တိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသ သတင်းရင်းမြစ် အချို့နှင့် ဒေသတွင်း သတင်းဌာန အချို့က ဖော်ပြထားသော်လည်း တိုက်ပွဲဖြစ်ပွားမှု ကိုPeople's Springက သီးခြားအတည်မပြုနိုင်သေးပေ။