Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ(နမခ)အား ရှော့တိုက်ဒုံးဖြင့် နှစ်ကြိမ်ပစ်ခတ် တိုက်ခိုက်

ထိခိုက်မှုများရှိ၍ နမခအတွင်း ဆေးရုံကားများ ဝင်ထွက်သွားလာသ​ည်ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

မုံရွာ(နမခ)အား ရှော့တိုက်ဒုံးဖြင့် နှစ်ကြိမ်ပစ်ခတ် တိုက်ခိုက်
မုံရွာ(နမခ)အား ရှော့တိုက်ဒုံးဖြင့် နှစ်ကြိမ်ပစ်ခတ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်ပိုင်းတိုင်းစစ် ငှာနချုပ်(နမခ)အား ယနေ့နံနက်ပိုင်းက ရှော့တိုက်ဒုံးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) နံနက် ၃ နာရီခန့်ကတစ်ကြိမ်၊ နံနက် ၉ နာရီခန့်က တစ်ကြိမ် မုံရွာမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ငှာနချုပ် ( နမခ )အား 107 – MM (လျှော့တိုက်ဒုံး)ဖြင့် လေးလုံးတိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိခိုက်မှုများရှိ၍ နမခအတွင်း ဆေးရုံကားများ ဝင်ထွက်သွားလာသ​ည်ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

“နမခဖြစ်စဥ်က ဟုတ်တယ်။ ဂိတ်ပေါက်နားဖြစ်တယ်ကြားတယ်။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ ၊ ၃ ၊ ၄ ၊ အမှတ်-၅ တပ်ရင်း (Aung San Force -ASF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တပ်ရင်းတပ်ခွဲတပ်ဖွဲ့များ ထိုးစစ်တိုက်နေသဖြင့် အရေးပေါ် လက်နက်ခဲယမ်းများ လိုအပ်နေကြောင်း အသိပေးသည်။

စစ်ကောင်စီ လက်အောက်ခံ စစ်တိုင်းချုပ်အနေဖြင့် အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးနေမှုများအား ချက်ချင်းရပ်တန့်ပြီး လက်နက်ချရန်၊မသမာသော ရွေးကောက်ပွဲဖြင့် တရားဝင်မှုရရှိရေး ကြိုးစားနေမှုအား ရပ်တန့်ရန်Chindwin Attack Forceက သတိပေးသည်။ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ ၏တရားမဝင်ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့်ဆန့်ကျင်ကြရန် Chindwin Attack Forceက မေတ္တာရပ်ခံထားသည်။

You May Also Like

သတင်း

ဆားလင်းကြီးမြို့နယ်တွင် မြန်မာဝမ်ပေါင်လုပ်ငန်းရှိ စစ်ကောင်စီတပ်က အနီးတဝိုက်ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

သတင်း

နံနက် ၁၁နာရီခန့်တွင်လည်း စစ်ကိုင်းမှမုံရွာမြို့သို့ ထွက်လာသော စစ်ကောင်စီကားနှစ်စီးကို ဝမ်းပြည့်နှင့် အလ္လကပ္ပရွာကြား၌ပင် ခြောက်လုံးတွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကားနှစ်စီးလုံး ထိမှန်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

သတင်း

လက်နက်ကြီးပစ်ခတ်ပြီးနောက် မြို့နယ်ရဲစခန်းဝင်းအတွင်း ငြိမ်သက်သွားပြီး အ ထ.က (၁)ကျောင်းအတွင်းရှိ စစ်ကောင်စီတပ်များသည် ချောင်းဦးနှင့် မုံရွာမြို့ဘက်သို့ ထွက်ခွာသွားကြောင်း PAFD ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

မိုင်းထိသေဆုံးသော စစ်ကောင်စီတပ်သား လေးဦးအလောင်းများကို သားပြေးကျောက်တောင်အနီးရှိ သင်္ချိုင်းသို့ ချက်ချင်းလာရောက်မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။