Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်လုံးခင်းတွင် စစ်ကောင်စီတပ်လက်နက်ကြီးဖြင့်ရမ်းပစ်နေဟု ဒေသခံပြော

လုံးခင်းလယ်ပြင်ဂိတ်ကို KIAက တိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသ သတင်းရင်းမြစ် အချို့နှင့် ဒေသတွင်း သတင်းဌာန အချို့က ဖော်ပြထားသော်လည်း တိုက်ပွဲဖြစ်ပွားမှု ကိုPeople’s Springက သီးခြားအတည်မပြုနိုင်သေးပေ။

(ဖားကန့်မြို့နယ် လုံးခင်း ရွာကို ၂၀၁၃ နှစ်က​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ဖားကန့်မြို့နယ် လုံးခင်း ရွာကို ၂၀၁၃ နှစ်က​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ၌ စစ်ကောင်စီတပ်က ယနေ့မနက်ပိုင်း၌ လက်နက်ကြီးများရမ်းသန်းပစ်ခတ်နေကြောင်းဒေသခံအချို့ကပြောသည်။

လုံးခင်းလယ်ပြင်ဂိတ်ကို KIAက တိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသ သတင်းရင်းမြစ် အချို့နှင့် ဒေသတွင်း သတင်းဌာန အချို့က ဖော်ပြထားသော်လည်း တိုက်ပွဲဖြစ်ပွားမှု ကိုPeople’s Springက သီးခြားအတည်မပြုနိုင်သေးပေ။

ဒေသခံတစ်ဦးကမူတိုက်ပွဲဖြစ်ပွားမှုမရှိဘဲစစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု သာရှိခဲ့သည်ဟု ပြောသည်။

“ဖားကန့် လုံးခင်းမှာ တပ်စွဲထားတာ ရှိတယ် စစ်ကောင်စီပေါ့နော်။ သူတို့ စစ်တပ်ကုန်းရှိတယ်။ စစ်တပ်ကုန်းပေါ်ကနေ လျှောက်လျှောက် ပစ်နေတာတဲ့။အထိအခိုက်ကတော့ မပြောတက်သေးဘူး။ တောထဲဘက်ကို လှမ်းပစ်နေတယ်တဲ့ ရွာနောက်ကျောဘက်တွေကို။” ဟုအထက်ပါဒေသခံက ပြောသည်။

လုံးခင်း၌ နေထိုင်သူအခြား​ဒေသခံတစ်ဦးကလည်း “ လုံးခင်းလယ်ပြင်ဆိုတာရှိတယ်။ဘာမှတော့ မကြားဘူး ။ဒီနဲ့ဆို နီးနီးလေးလယ်ပြင်နဲ့က”ဟုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖားကန့် ဆယ်ဇင်းဒေသရှိစစ်ကောင်စီလက်အောက်ခံတပ်များကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စခန်းအချို့ကိုသိမ်းပိုက်၍မီးရှို့ခဲ့သည်။ ထို့အပြင် ကားမိုင်းဒေသရှိ စစ်ကောင်စီ တပ်အချို့ကိုလည်း KIAက လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

You May Also Like

သတင်း

ဇန်နဝါရီ ၂၄ရက်တွင်လည်း အောင်မိုးကျေးရွာမှ ပြည်သူများ၏ ဖုန်းနှင့်ဆင်းကဒ်များ သိမ်းဆည်းသွားပြီး မွန်းလွဲ၂နာရီခန့်တွင် ထန်းတောကြီးကျေးရွာအနီးရှိ PDF စခန်းငယ် ငါးခုကို မီးရှို့ဖျက်ဆီးသွားကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

သတင်း

လက်နက်ကြီးပစ်ခတ်ပြီးနောက် မြို့နယ်ရဲစခန်းဝင်းအတွင်း ငြိမ်သက်သွားပြီး အ ထ.က (၁)ကျောင်းအတွင်းရှိ စစ်ကောင်စီတပ်များသည် ချောင်းဦးနှင့် မုံရွာမြို့ဘက်သို့ ထွက်ခွာသွားကြောင်း PAFD ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၂၉ရက် နေ့လည် ၁နာရီခွဲတွင် စစ်ကောင်စီ ၏ ခမရ(၅၀၄)မှ TNLAတပ်စခန်းသို့ လက်နက်ကြီးဖြင့် တဖက်သတ်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

သတင်း

ဘုရားသုံးဆူမြို့ မြေစာရင်းရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီလ ၂၉ရက်​နေ့ နံနက်တွင်း မီးရှို့ဖျက်ဆီးလိုက်ပြီး ညနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။