Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်က ပြည်သူများနေအိမ်အနည်းဆုံး ၅၅,၄၈၄ လုံးကိုမီးရှို့ဖျက်ဆီးထား

အာဏာသိမ်းမှု ၂ နှစ်အတွင်း ချင်းပြည်နယ်တွင် လူနေအိမ် ၁,၄၈၄ လုံး နှင့် အခြားတိုင်းနှင့် ပြည်နယ်များတွင် စုစုပေါင်း လူနေအိမ် ၁,၄၈၄ လုံး စစ်တပ်၏ မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း Data For Myanmar က ဖော်ပြသည်။

(စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းစစ်တပ်နှင့် အ​ပေါင်းအပါများကမီးရှို့ဖျက်ဆီးခဲ့သော​နေအိမ်များ ။ ဓါတ်ပုံ-CJ)
(စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းစစ်တပ်နှင့် အ​ပေါင်းအပါများကမီးရှို့ဖျက်ဆီးခဲ့သော​နေအိမ်များ ။ ဓါတ်ပုံ-CJ)

စစ်တပ်နှင့် ၎င်း၏ အပေါင်းအပါအုပ်စုများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်းချိန်မှ ၂၀၂၃ ဇန်နဝါရီလကုန်အထိ နိုင်ငံတဝန်းရှိ အရပ်သားပြည်သူများနေအိမ် အနည်းဆုံး ၅၅,၄၈၄ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း Data For Myanmar က ယနေ့ထုတ်ပြန်သည်။

စစ်အာဏာသိမ်းမှု ၂ နှစ်အတွင်း အရပ်သားနေအိမ်ပေါင်း ငါးသောင်းငါးထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး ယင်းအနက် ၄၃,၂၉၂ လုံးမှာ စစ်ကိုင်းတိုင်းမှဖြစ်ကာ အများဆုံးအရေအတွက်လည်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလကုန်က စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ မီးရှို့ဖျက်ဆီးသည့် အရေအတွက်မှာ ၃၆,၆၆၇ လုံးဖြစ်၍ တစ်လအတွင်း ၆,၆၂၅ လုံးကို ထပ်မံ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

Data For Myanmar ၏ သုတေသနကောက်ယူမှုစစ်တမ်းအရ မကွေးတိုင်းတွင် လူနေအိမ် ၈,၈၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကာ ဒုတိယအများဆုံးဖြစ်သည်။ မကွေးတိုင်းတွင်လည်း တစ်လအတွင်း လူနေအိမ် ၂၈၈ လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်က တစ်လအတွင်း ထပ်မံမီးရှို့ခဲ့သည်။

Public Service Announcement
Public Service Announcement

အာဏာသိမ်းမှု ၂ နှစ်အတွင်း ချင်းပြည်နယ်တွင် လူနေအိမ် ၁,၄၈၄ လုံး နှင့် အခြားတိုင်းနှင့် ပြည်နယ်များတွင် စုစုပေါင်း လူနေအိမ် ၁,၄၈၄ လုံး စစ်တပ်၏ မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း Data For Myanmar က ဖော်ပြသည်။

(စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းစစ်တပ်နှင့် အ​ပေါင်းအပါများကမီးရှို့ဖျက်ဆီးခဲ့သော​နေအိမ်များ ။ ဓါတ်ပုံ-CJ)
(စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းစစ်တပ်နှင့် အ​ပေါင်းအပါများကမီးရှို့ဖျက်ဆီးခဲ့သော​နေအိမ်များ ။ ဓါတ်ပုံ-CJ)

Data For Myanmar သည် စစ်​ကောင်စီတပ်ကပြည်သူ့အိုးအိမ်များအား မီးရှို့ဖျက်ဆီးသည်ကို စနစ်တကျ မှတ်တမ်းပြုစု၍ ​ဖော်ပြ​ပေး​နေခြင်းဖြစ်သည်။ ဖုန်းနှင့်အင်တာနက်ဖြတ်​တောက်ခံရမှုများ​ကြောင့် စာရင်းမသိရ​သော၊ အတည်မပြုနိုင်​သေး​သော​ဒေသများရှိသဖြင့် အမှန်တစ်ကယ်မီးရှို့ဖျက်ဆီးခံရမှူမှာ ယခုထက်ပင်များနိုင်​ကြောင်းသိရသည်။

You May Also Like

သတင်း

ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီတပ်ကုန်းသို့ အကြိမ်ကြိမ်လာရောက်လျက်ရှိသည်ဟု ဆိုသည်။

သတင်း

ဇန်နဝါရီ ၂၀ ရက်နောက်ပိုင်းမှစ၍ အဆိုပါ ဒေသ၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယမန်နေ့အထိ တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟုဆိုသည်။

သတင်း

ရှမ်းပြည်နယ်နဲ့မန္တလေး နယ်စပ် နောင်ချိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း PDF နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

သတင်း

“ထန်တလန်မှာ သူတို့ထောက်ပို့ ပစ္စည်းတွေ စစ်ကူတွေလာပို့တာလို့ ခန့်မှန်းလို့ရတာပေါ့။ မနေ့ကလည်း လုပ်တယ်။ ဒီနေ့လည်းလာသွားတယ်” ဟုဆလိုင်းထက်နီကပြောသည်။