Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက အာဏာသိမ်းပြီး​နောက်ပိုင်း ​ပြည်သူ့​နေအိမ် ​ပေါင်းငါး​သောင်းခန့်ကိုမီးရှို့ဖျက်ဆီး

စစ်​ကောင်စီတပ်ကအကြမ်းဖက်မီးရှို့ဖျက်ဆီး​နေတဲ့ အချက်အလက်​တွေကို Data For Myanmar က စုစည်း​ပြီးမှတ်တမ်းတင်​ပေး​နေတာဖြစ်ပါတယ်။

စစ်​ကောင်စီက အာဏာသိမ်းပြီး​နောက်ပိုင်း ​ပြည်သူ့​နေအိမ် ​ပေါင်းငါး​သောင်းခန့်ကိုမီးရှို့ဖျက်ဆီး
စစ်​ကောင်စီက အာဏာသိမ်းပြီး​နောက်ပိုင်း ​ပြည်သူ့​နေအိမ် ​ပေါင်းငါး​သောင်းခန့်ကိုမီးရှို့ဖျက်ဆီး

စစ်​အုပ်စုက အာဏာသိမ်းပြီး​နောက်ပိုင်းပြည်သူ့​အိုးအိမ်​တွေကိုမီးရှို့ဖျက်ဆီးခဲ့တာမှာ ၂၀၂၂ ဒီဇင်ဘာလကုန်အထိ့ ၂၃ လအတွင်း နေအိမ်​ပေါင်း ​ငါးသောင်းခန့်( ၄၈၄၆၃လုံး)မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmarက ဒီက​နေ့ထုတ်ပြန်ပါတယ်။ စစ်​ကောင်စီက ၎င်းတို့ကို ခုခံ​တော်လှန်တဲ့​ဒေသ​တွေကို မီးရှို့ အကြမ်းဖက်တာကို ၂၀၂၁ ​မေလက​နေ ဒီ​နေ့အထိ့တိုးပြီးပြုလုပ်​နေတာဖြစ်ပါတယ် ။ ဒါ​ကြောင့် ၂၀၂၁ ​မေလကစတင်​ရေတွက်ရင် စစ်အုပ်စုကနိုင်ငံတစ်ဝန်းမီးရှို့ဖျက်ဆီး​နေတာလ​ပေါင်း ၂၀ ရှိပါပြီ။

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်ကအကြမ်းဖက်မီးရှို့ဖျက်ဆီး​နေတဲ့ အချက်အလက်​တွေကို Data For Myanmar က စုစည်း​ပြီးမှတ်တမ်းတင်​ပေး​နေတာဖြစ်ပါတယ်။ ဒါ​တောင် အင်တာနက်နဲ့ဖုန်းလိုင်းဖြတ်​တောက်ထားလို့ဆက်သွယ်​ရေးခက်ခဲ့လို့ သတင်းအချက်အလက်မရ​သေးတဲ့​၊အတည်ပြုဖို့ခက်ခဲ​နေတဲ့ဒေသတွေ ၊အချက်အလက်​တွေကျန်​နိုင်​သေးပြီး​မြေပြင်မှာ တစ်ကယ်မီးရှို့ခံရတဲ့စာရင်းက အခုထက်​တောင်ပိုများနိုင်ပါတယ်။

စစ်​ကောင်စီတပ်အများဆုံးဖျက်ဆီးအကြမ်းဖက်တဲ့​ဒေသက စစ်ကိုင်းတိုင်းဖြစ်ပါ​တယ် ။​နေအိမ်​ပေါင် ၃၆၆၆၇ လုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။မ​ကွေးတိုင်းကနေအိမ် ၈၅၇၅လုံးနဲ့ ဒုတိယ ၊ ချင်းပြည်နယ်မှာ ၁၄၇၅ လုံးနဲ့တတိယအများဆုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။ တိုင်းနဲ့ပြည်နယ်၁၄ ခုရှိတာမှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းကလွဲရင် ကျန်​ဒေသ​တွေအားလုံးက စစ်အုပ်စု မီးရှို့တာခံထားရတဲ့​ဒေသ​တွေပဲဖြစ်ပါတယ် ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလကုန် နှင့် ဇန်နဝါရီလဆန်းက ခင်ဦးနယ် အလယ်ရှိုကျေးရွာမှ ဒေသခံ ပြည်သူ၈ဦးအား သတ်ဖြတ်ပြီး အိမ်ခြေ ၁၀၀နီးပါး မီးရှို့ဖျက်ဆီးသွားခဲ့သည်။

သတင်း

ယမန်နေ့ ညကတည်းက ချမ်းသာကျေးရွာကို မီးတင်ရှို့ပြီး ဘုရားကျောင်း၌ ညအိပ်ခဲ့သော စစ်ကောင်စီတပ်သည် ယနေ့ (ဇန်နဝါရီ ၁၅ ရက်) တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ခရစ်ယာန်ဘုရားကျောင်းအား မီးတင်ရှို့ခဲ့သည်။

သတင်း

ဇန်နဝါရီ ၁၅ရက် နံနက် ၉ နာရီခန့်တွင် မတူပီ - ဟားခါးလမ်းရှိ ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့၍ မတူပီ CDFက ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အဆိုပါ ထွေအုပ်ဝန်ထမ်း (၄) ဦးအား စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသိ​ပေးသည်။