Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူမြို့နယ်ကန်တော်ရွာရှိ စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၊ သေနတ်တစ်လက်သိမ်းဆည်းရမိ

ပခုက္ကူမြိူ့နယ်တွင် စစ်ကောင်စီတပ်သည် ဒေသတွင်းပြည်သူများအား ဆိုင်ကယ်နှစ်ယောက်မစီးရန်နှင့် ကန့်သတ်ချိန်အတွင်းသာမောင်းနှင်ရန် အဓမ္မထုတ်ပြန်ထားသည်။

(သိမ်းဆည်းခဲ့သော MA1 သေနတ်တစ်လက်အားတွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင် (ပကဖ))
(သိမ်းဆည်းခဲ့သော MA1 သေနတ်တစ်လက်အားတွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင် (ပကဖ))

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိစစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထိခိုက်သေဆုံးမှုရှိပြီး သေနတ်တစ်လက်နှင့် ကျည်များသိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ဇန်နဝါရီ၁၃ ရက်က ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိ စစ်ကောင်စီတပ်အား မြိုင်(ပကဖ) အဖွဲ့က နံနက် ၈ နာရီခန့်မှ ညနေ ၃နာရီခွဲအတွင်း အီနာဂါ ၁၀လုံးချကာ တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေ​ဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ထို့အပြင် MA1သေနတ်တစ်လက်နှင့်ကျည် ၂၅ တောင့်ဘောက်တစ်ခု သိမ်းဆည်းနိုင်ခဲ့ကြောင်း ကိုလယျာ်က ပြောသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

“ကန်တော်ကျေးရွာလမ်းဆုံမှာချပြီးတော့ ထိခိုက်မှုရှိမရှိ ရှင်းလင်းစဉ်တွေ့ရှိခဲ့တာပါ။”ဟု ၎င်းက ပြောသည်။

ပခုက္ကူမြိူ့နယ်တွင် စစ်ကောင်စီတပ်သည် ဒေသတွင်းပြည်သူများအား ဆိုင်ကယ်နှစ်ယောက်မစီးရန်နှင့် ကန့်သတ်ချိန်အတွင်းသာမောင်းနှင်ရန် အဓမ္မထုတ်ပြန်ထားသည်။

You May Also Like

သတင်း

အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့ကိုခုခံတွန်းလှန်မှုအား​ကောင်းတဲ့ဒသ​တွေကို မီးရှို့အကြမ်းဖက်နဲ့တုန့်ပြန်တာကို ၂၀၂၁ ​မေလ မှစပြီးဆက်တိုက်ပြုလုပ်ခဲ့တာပါ။

သတင်း

မတူပီမြို့နယ် ငလိုင်ကျေးရွာမှာရှိ CDF မတူပီ၏ ရှေ့တန်းစခန်းတစ်ခုကို စစ်ကောင်စီက ယမန်နေ့(ဇန်နဝါရီ ၁၅ရက်)တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

သတင်း

အနက်ရောင်သေမင်း အဖွဲ့အနေဖြင့် ရန်ကုန် နှင့် မန္တလေးမြို့တို့၌ ဒလန်ရှင်းလင်းရေးကို လုပ်ဆောင်ရန်ရှိပြီး မန္တလေးမြို့သို့လည်း ဗိုလ်ရှိုင်းကို စေလွှတ်ထားကြောင်း ၎င်းက ဆိုသည်။

သတင်း

တိုင်းရင်းသားပြည်သူများအားလုံးပါဝင်သော ပြည်သူ့တော်လှန်ရေး၏ ရည်မှန်းချက်(၃)ရပ်မှာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးအပိုင် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ကြောင်း အသိပေးသည်။