Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လှိုင်မှာ ရွှေဝါဆပ်ပြာစက်ရုံ ဒုမန်နေဂျာပစ်သတ်ခံရမှု အမျိုးသား ၇ ဦး စွပ်စွဲဖမ်းခံရ

အဲဒီအမျိုသား ၇ ဦးကို ပစ်ခတ်မှုဖြစ်ပြီး ၁၀ ရက်အတွင်း လှိုင် ၊ ကမာရွတ် ၊သင်္ဃန်းကျွန်း နဲ့လှိုင်သာယာမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်ကလိုက်လံ ဖမ်းဆီးခဲ့တာပါ။

လှိုင်မြို့နယ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်(ပုံဟောင်း)
လှိုင်မြို့နယ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်(ပုံဟောင်း)

ရန်ကုန်တိုင်း လှိုင်မြို့နယ်အတွင်း စစ်တပ်အရာရှိဟောင်းဖြစ်သူ ရွှေဝါစက်ရုံ ဒုအထွေထွေမန်နေဂျာသတ်ဖြတ်ခံ ရမှုနဲ့ ဆက်စပ်ပြီး စစ်ကောင်စီက အမျိုးသား ၇ ဦးကို စွပ်စွဲဖမ်းဆီးလိုက်ပါတယ်။

အဲဒီအမျိုသား ၇ ဦးကို ပစ်ခတ်မှုဖြစ်ပြီး ၁၀ ရက်အတွင်း လှိုင် ၊ ကမာရွတ် ၊သင်္ဃန်းကျွန်း နဲ့လှိုင်သာယာမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်ကလိုက်လံ ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးထားတဲ့ ၇ ဦးဟာ လှိုင် PDF အဖွဲ့ဝင်တွေဖြစ်ပြီး စစ်တပ်အရာရှိဟောင်း ရွှေဝါစက်ရုံ ဒုအထွေထွေမန်နေဂျာကို လုပ်ကြံသူတွေဖြစ်တယ်လို့လည်း မနေ့က ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ စွပ်စွဲထားပါတယ်။

ဒါအပြင်ပြီးခဲ့တဲ့ နှစ် ဇူလိုင်လကနေ ဒီနှစ်ဆန်းပိုင်း ဖေဖော်ဝါရီလအထိ လှိုင် ၊ကမာရွတ် ၊မရမ်းကုန်း ၊အင်းစိန်မြို့နယ်တွေ ထဲကစစ်မှုထမ်းဟောင်းတွေ ၊ရာအိမ်မှုးနဲ့ စစ်တပ်သတင်းတွေသတ်ခံမှု ဖြစ်စဉ် ၁၀ ခုမှာ ပါဝင်ပတ်သက်သူတွေဖြစ်တယ်လို့လည်း စွပ်စွဲထားတာတွေ့ရပါတယ်။

ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေအရ ဖမ်းခံရသူ ၇ ဦးထဲမှာ အမျိုးသားကြီးတွေလည်းပါတာတွေ့ရပါတယ်။

You May Also Like

သတင်း

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၂ ရက်က အင်းတော်အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပါတယ်။

သတင်း

လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ပြင်ဦးလွင်မြို့၊ ချယ်ရီလမ်းရှိ ဟိုတယ်တစ်ခုအနီးတွင် လမ်းသွားလမ်းလာများကတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သတင်း

အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းအားအမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး ပစ်သတ်သွားခြင်းကြောင်း ​ဒေသခံများက ပြောပြီး အခြားမှတ်ချက်မပေးပေ။

သတင်း

ပစ်သတ်ခံရသူဟာ အသက် ၆၆ နှစ်အရွယ် ရာအိမ်မှူး ဦးခင်မောင်ငြိမ်း နဲ့ အသက် ၆၉ နှစ်အရွယ် ရာအိမ်မှူး ဦးသာဌေးတို့ဖြစ်တယ်လို့ဒေသခံတွေဆီကသိရပါတယ်။