Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတ​ပ် လက်နက်ကြီးဖြင့်ရမ်းပစ်၍ ကလေးငယ်တစ်ဦးမျက်လုံးထိမှန်

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)နံနက် ၉နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ ဘောလုံးကွင်းထဲက စစ်ကောင်စီတပ်သားများသည် (၁၂၀)မမ လက်နက်ကြီးတ​ပ်ဆင်ထားပြီး အနောက်တကြောသို့ လက်နက်ကြီးဖြင့် ၅ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်။

မျက်လုံး လက်နက်ကြီးထိခဲ့သော ကလေးငယ် အား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
မျက်လုံး လက်နက်ကြီးထိခဲ့သော ကလေးငယ် အား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

▪️အမျိုးသမီး တစ်ဦးလည်းထိမှန်၍ အသက်အန္တရာယ်စိုးရိမ်နေရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့၍ ကျေးရွာနှစ်ရွာပေါ်သို့ ကျရောက်ပေါက် ကွဲပြီး ကလေးတစ်ဦးအပါအဝင် ပြည်သူ သုံးဦးကျည်စထိမှန်ကာ တစ်ဦးအသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)နံနက် ၉နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ ဘောလုံးကွင်းထဲက စစ်ကောင်စီတပ်သားများသည် (၁၂၀)မမ လက်နက်ကြီးတ​ပ်ဆင်ထားပြီး အနောက်တကြောသို့ လက်နက်ကြီးဖြင့် ၅ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဒီပဲယင်းကွဲကျေးရွာနှင့် မြင်းမူမြို့နယ် ဂုံညင်းဆိပ်ကျေးရွာဘက်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဂုံညင်းဆိပ်ရွာတောင်​ပိုင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ခဲ့မှုတွင် ပြည်သူ သုံးဦး ထိခိုက်ခဲ့ကြောင်း၊ အဆိုပါ သုံးဦးအနက် အသက်(၇) နှစ် အရွယ် မိန်းကလေးမှာ ဘယ်ဘယ်မျက်လုံး လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး ဦးခေါင်းကိုပါ ထိခိုက်ခဲ့ကြောင်း၊ ထို့အပြင် အသက် (၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးစထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

“ကလေးက မျက်လုံးတောင် ကျွတ်တယ်ပြောတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ၁၀ ရက် နံနက် ၁၀နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာနှင့် ဆားတောင်ကြား ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် ကြွယ်ပုံရွာ ပျူစောထီးကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ၎င်းတို့ရမ်းသမ်းပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦး ခြေထောက်ကျည်ထိမှန်ခဲ့ပြီး နွား‌ ၄ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကြွယ်ပုံရွာပျူစောထီးများသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ အနီးဝန်းကျင်ကျေးရွာများအား စစ်ကြောင်းထိုးဖမ်းဆီးသတ်ဖြတ်မှုများလည်း ပြုလုပ်နေပြီး ဇန်နဝါရီ ၆ ရက်ကလည်း ဒီပဲယင်းကွဲရွာသို့ဝင်ရောက်ကာ ဆရာတော်သံဃာတော်တစ်ပါးအပါအဝင် လေးဦးကိုသတ်ဖြတ်သွားခဲ့သည်။

You May Also Like

သတင်း

ဖေဖော်ဝါရီ ၉ ရက်က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နှင့် ၁၀ ရက်များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်း Pdfအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

ဖေဖော်ဝါရီ ၁ရက်မှ ၁၁ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကို ထုတ်ပြန်ခဲ့ရာ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

သတင်း

ဖေဖော်ဝါရီလ ၉ ရက်နေ့က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပုလဲမြို့နယ်တွင် စစ်ရေးပစ်မှတ် ၄ ခု၊ ကန့်ဘလူ၊ မုံရွာ တို့တွင် စစ်ရေးပစ်မှတ် ၃ ခုစီ၊ ကောလင်း၊ တန့်ဆည်၊ ခင်ဦး၊ ယင်းမာပင်၊ မြောင်၊ ရွှေဘို မြို့နယ်များတွင် စစ်ရေးပစ်မှတ် ၁ ခုစီတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။