Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်ရှိ အမှတ်(၁၀)လေ့ကျင်ရေးတပ်ကို ပစ်ခတ်တိုက်ခိုက်

အဆိုပါ ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားများကလည်း (၆၀) မမ၊ (၁၂၀) မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Danger Force LPDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Danger Force LPDF
Danger Force LPDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Danger Force LPDF

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမှတ်(၁၀)လေ့ကျင်ရေးတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း Danger Force LPDF၏ စစ်ဆင်​ရေးတာဝန်ခံ ကိုမာန်ဟုန်က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ရက်) ညနေ ၅နာရီခွဲခန့်က အရာတော်မြို့နယ်ရှိ စစ်ကောင်စီ၏ လေ့ကျင့်ရေး (၁၀)တပ် အရပ်ခေါ် အရှေ့တပ်အား (၈၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ကိုးဦး အပြင်းအထန် ဒဏ်ရာရရှိသွားပြီး သေဆုံးမှုများရှိကြောင်း Danger Force LPDF၏ စစ်ဆင်​ရေးတာဝန်ခံ ကိုမာန်ဟုန်က ပြောသည်။

“ပထမဆုံးပြောင်းက ချို့ယွင်းမှုဖြစ်ပြီးတော့ ပြောင်းကွဲပြီး ကျွန်တော်တို့ရဲဘော် မစိုးရိမ်ရဒဏ်ရာရတယ်။ နောက်တစ်ပြောင်းက ငါးလုံးပစ်တာ ရန်သူ့စခန်းထဲချည့် အကုန်ကျတယ်။”ဟု ကိုမာန်ဟုန်က ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားများကလည်း (၆၀) မမ၊ (၁၂၀) မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများနှင့်ဝေးရာတွင်နေထိုင်ပြီး ပြည်သူ့ရဲဘော်များအား ဝိုင်းဝန်းကူညီပေးကြရန် Danger Force LPDFအဖွဲ့က မေတ္တာရပ်ခံသည်။

အဆိုပါ စစ်ဆင်ရေးကို Danger Force LPDF၊ ကြယ်နီတပ်ဦး၊ ပင်လယ်ပျော်သိမ်းငှက်(SF2)၊ People’s Revolution Force (PRF)၊ တမန်တော်ပျောက်ကြားတပ်ဖွဲ့(APOSTLE)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

အမှတ်(၁၀)လေ့ကျင်ရေးတပ်ကို (၅)ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခင်အကြိမ်များတွင်လည်း စစ်အုပ်စုထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

You May Also Like

သတင်း

ယနေ့(ဖေဖော်ဝါရီ၁၁ရက်) နံနက်၈နာရီခန့်က ရွာသစ်ကြီးစခန်းမှူးနှင့် စစ်သားနှင့်ရဲ လေးဦး လိုက်ပါလာသော ယာဥ်အား ရွာသစ်ကြီးစံပြကျေးရွာနှင့် နက်ခရိုင်ကြားတွင် တော်လှန်ရေးရဲဘော်များက လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

တံတားဦးလေတပ်သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် အဓိက ဗုံးကြဲတိုက်ခိုက်နေသော လေတပ်တစ်ခုဖြစ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Freedom Revolution Forceက ပြောသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ စစ်ရေးပစ်မှတ်နှစ်ခုအား ပစ်ခတ်တိုက်ခိုက်မှုများတွက် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်သော်လည်း အတည်ပြုစုံစမ်းဆဲဖြစ်ကြောင်း Eagle Force က အသိပေးထားသည်။

သတင်း

ထိခိုက်မှုများရှိ၍ နမခအတွင်း ဆေးရုံကားများ ဝင်ထွက်သွားလာသ​ည်ဟု အထက်ပါ တာဝန်ခံက ဆိုသည်။