Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်နှင့် အလင်းဝင်လာသည့် ခလရ(၂၆၈)မှ တပ်သားကို ကျပ်သိန်း ၁၀၀ပေးအပ်ခဲ့ဟု CNOအသိပေး

လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ပြီး CNO/CNDFမှ ဆုကြေးငွေ ချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

အလင်းဝင်လာသည့်တပ်သားအား တွေ့ရစဥ်၊ ဓာတ်ပုံ - CNO
အလင်းဝင်လာသည့်တပ်သားအား တွေ့ရစဥ်၊ ဓာတ်ပုံ - CNO

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အခြေပြု ခလရ(၂၆၈)တပ်မှ စစ်ကောင်စီတပ်သား တစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာ၍ ၎င်းကို ကျပ်သိန်း ၁၀၀ပေးအပ်ခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ထုတ်ပြန်သည်။

တပ်သား ကောင်းမိုးသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သဖြင့် ပြည်သူနှင့်အတူပူးပေါင်းရန် CNO/CNDF ထံသို့ ၂၀၂၂ ဒီဇင်ဘာ ၂၆ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ပြီး CNO/CNDFမှ ဆုကြေးငွေ ချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

အလင်းဝင်လာသည့်တပ်သားအား တွေ့ရစဥ်၊ ဓာတ်ပုံ - CNO
အလင်းဝင်လာသည့်တပ်သားအား တွေ့ရစဥ်၊ ဓာတ်ပုံ – CNO

“အဓိကတော့ အလင်းဝင်လာမယ့် စကစဘက်က လူတွေကို ငွေအပြင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ဒီထက်ပိုပေးနိုင်ဖို့လည်း လိုတယ်။နောက်ပြီး ချင်းပြည်နယ်နဲ့ ကပ်နေတဲ့ အိန္ဒိယနဲ့ဆက်ဆံရေးကို NUGပဲဖြစ်ဖြစ် UNကပဲ ဖြစ်ဖြစ်သေချာစေ့စပ်ညှိနှိုင်းနိုင်မယ်ဆိုရင် ချင်းပြည်နယ်မှာ CDM လုပ်လာမယ့် စကစတပ်သားအရေအတွက် ဒီထက်ပိုများနိုင်တယ်”ဟု ချင်းပြည် နယ် စစ်ဒေသမှူးတစ်ဦးက ပြောသည်။

CNO/CNDFအနေနှင့် စစ်ကောင်စီထံမှလက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော စစ်သား၊ရဲများအား ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအတွက် ယခင်က ကျပ်သိန်း ၅၀ဆုချီးမြှင့်ခဲ့သော်လည်း ယခုအခါ သိန်း ၅၀ထပ်မံ တိုးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်နက်အပြည့်စုံနှင့် အလင်းဝင်ရောက်သူအားလုံးအား ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း(၅၀)အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း(၅၀)၊စုစုပေါင်း ကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

You May Also Like

သတင်း

ရဲဘော်လင်းထက်အောင်သည် ပြည်သူနှင့်ပူးပေါင်းရန် အလင်းဝင်လာခြင်းဖြစ်ပြီး ဝင်လာသူများကို နွေးနွေးထွေးထွေးကြိုဆိုသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

ယခင်ကလည်း ဖယ်ခုံမြို့နယ်အတွင်းရှိ လျှပ်စစ် တာဝါတိုင်များကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ တိုက်ခိုက်ဖျက်ဆီးမှုအချို့ရှိခဲ့သည်။

သတင်း

ဖမ်းဆီးရမိသောဗိုလ်ကြီးအဆင့်ရှိသူအား နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီစစ်ဆေးမေးမြန်းခဲ့ရာ ဗိုလ်ကြီးမြတ်သူ ဖြစ်ကြောင်း YGF က အသိပေးသည်။

သတင်း

▪︎စစ်အုပ်ချုပ်ရေးကြေညာရမှုစစ်ကောင်စီအနေဖြင့်ထိန်းချုပ်နိုင်မှုများစွာအားနည်းကြောင်းဝန်ခံခြင်းဖြစ် ▪︎“ဒီမြို့နယ်တွေဆိုရင် စစ်ကောင်စီက သူ့တပ်ရှိတယ်ဆိုရင် တပ်ထဲက အပြင်တောင်မှ ထွက်ရဲတဲ့ မြို့နယ်တွေမဟုတ်တော့ဘူး” စစ်အာဏာရှင် တိုက်ဖျက်ရေး တစ်နှစ်တာ အစီအစဉ်အတိုင်း ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စစ်ဒေသအလိုက်လွတ်မြောက်ရေး၊ ထိုမှတဆင့် တစ်နိုင်ငံလုံးအတိုင်းအတာ လွတ်မြောက်ရေးကို ဆောင်ရွက်ရန် စီမံချက်ချထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။...