Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့နယ် ဆင်မရဲရွာစာသင်ကျောင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်

ဆင်မရဲရွာတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ရေစကြိုမြို့နယ်တွင် တိုက်ပွဲဝင်နေသည့် Myingyan Black Tiger တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်
ရေစကြိုမြို့နယ်တွင် တိုက်ပွဲဝင်နေသည့် Myingyan Black Tiger တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်

မကွေးတိုင်း ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာ အ.ထ.က (ခွဲ)ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား မဟာမိတ် ညီနောင်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)အဖွဲ့က ပြောသည်။

ဆင်မရဲရွာစာသင်ကျောင်း၌ စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၇၀ကျော်ခန့်တပ်စွဲထားစဥ် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁ နာရီခန့်တွင် MBT တပ်ဖွဲ့နှင့် ခွပ်ဒေါင်းနီ ပြောက်ကြားတပ်၊The Volue Of Youngmen၊ VOMDY-Front Warrior၊ NY LOCAL PDF၊ မုံရွာခရိုင်၊ မုံရွာခရိုင်၊ တပ်ရင်း (၁၂) တပ်ခွဲ (၄)မီးတောက်တပ်ခွဲတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အရင်ကဆိုရင် ဆင်မရဲရွာမှာက အင်အား ၇၀မရှိဘူး။ အခုဟာက ဟင်္သာရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်တွေသိမ်းပြီး ဆင်မရဲရွာကိုသွားရောက်ပူးပေါင်း နေ ထိုင်တာ ခင်ဗျ။ ကျနော်တို့ ၁၂ ရက်နေ့ မနက် ၁ နာရီလောက်မှာ စတင်ပစ်ခတ်တိုက်ခိုက်တာ နာရီဝက် ၄၅ မိနစ်သာသာလောက် ကြာမြင့်ပါတယ်”ဟု Myingyan Black Tiger (MBT)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရသွားကာ ပခုက္ကူဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရပြီး သေဆုံးခြင်းရှိ ၊မရှိမသိရသေးဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

ဆင်မရဲရွာတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

“မံဝိန်းကြီးနားလောက်မှာ ဖြစ်မှာပါ။ မံစီမြို့နယ်တော့ ဟုတ်ပါတယ်။ အဲဒါကလည်း စစ်ကောင်စီဘက်က ကျနော်တို့နေတဲ့ဘက်ကို ထိုးဝင်လာလို့ ဒါကလည်း ခုခံတိုက်ပွဲပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

ကသာမြို့နယ်အင်းကြီးအုပ်စုကိုအင်းအား ၇၀ ​​ကျော်ပါ​​သောစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းက ‌ဖေဖော်ဝါရီ ၁၁ရက်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး​နေခြင်းဖြစ်သည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈)နှစ်မြောက် မွေးနေ့၌ ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦး ရပ်ကွက်တွင်ရှိသည့် ငြိမ်းဇာနည်တပ်စခန်းကို ညနေ ၅ နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း MBT တပ်ဖွဲ့က ပြောသည်။

သတင်း

မုံရွာခရိုင်အပြင် ရွှေဘိုခရိုင်အတွင်း၌လည်း ပျူစောထီးကျေးရွာများအား ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။