Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ်ရှိ တောပုပျူစခန်းကို ​PDFများ ပူးပေါင်းတိုက်ခိုက်

မုံရွာခရိုင်အပြင် ရွှေဘိုခရိုင်အတွင်း၌လည်း ပျူစောထီးကျေးရွာများအား ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

မုံရွာမြို့နယ်ရှိ တောပုပျူစခန်းကို ​PDFများ ပူးပေါင်းတိုက်ခိုက်
မုံရွာမြို့နယ်ရှိ တောပုပျူစခန်းကို ​PDFများ ပူးပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာရှိ ပျူစောထီးစခန်းအား ဒေသတွင်းPDFများ သွားရောက်တိုက်ခိုက်ရာ ပျုနှစ်ဦးသေဆုံးကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa ၏ တာဝန်ခံ ဒေါင်းကာရန်က ပြောကြားသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်) ည ၇ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့နယ် တောပုကျေးရွာအတွင်းရှိ ပျူစောထီးများစုဝေးရာနေရာသို့ လက်လုပ် (၄၀) မမများ၊ လက်လုပ်ရှော့ဂန်းများ၊ အော်တိုဂန်းများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa၏ တာဝန်ခံ ဒေါင်းကာရန်က ပြောသည်။

(၄၀) မမ ငါးလုံးသည် ပျူစောထီးများစုဝေးရာနေရာသို့ ကျရောက်ပေါက်ကွဲရာ နှစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားသည်ဟု PDF-South Monywa တာဝန်ခံက ဆိုသည်။

“သူတို့ စုဝေးရာ ကျောင်းထဲကို ကျတယ်။”ဟု PDF-South Monywa၏ တာဝန်ခံ ဒေါင်းကာရန်က ပြောသည်။

ပျူစောထီးအဖွဲ့ဘက်က ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပျူစောထီးများဘက်ကလည်း (၆၀)မမများ၊ (၉၀) မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa နှင့် Monywa People’s Liberation Force-ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ၊ Spring Dove၊ Forces our history(ငါတို့သမိုင်း)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မုံရွာခရိုင်အပြင် ရွှေဘိုခရိုင်အတွင်း၌လည်း ပျူစောထီးကျေးရွာများအား ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

You May Also Like

သတင်း

ဆင်မရဲရွာတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

အမျိုးသမီးတွေနဲ့အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်တဲ့အတွက် အစုလိုက် အပြုံလိုက် လူမဆန်စွာ သတ်ဖြတ်မှုဖြစ်တယ်လို့ ပုလော PDF က ဆိုထားပါတယ်။

သတင်း

ဖေဖော်ဝါရီ ၉ ရက်က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နှင့် ၁၀ ရက်များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်း Pdfအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

ကျောက်တံခါးမြို့နယ် ကညင်ကျိုးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကျော်ဦးဆိုသူကို ယမန်နေ့(ဖေဖော်ဝါရီ ၁၂)ညနေ ၅နာရီခန့်တွင် ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်သည်။