Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းမြောက်ရှိ KIA တပ်ရင်း(၉)နယ်မြေသို့ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကောင်စီတပ်ထိုးစစ်ဆင်၍ ၃ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ

“မံဝိန်းကြီးနားလောက်မှာ ဖြစ်မှာပါ။ မံစီမြို့နယ်တော့ ဟုတ်ပါတယ်။ အဲဒါကလည်း စစ်ကောင်စီဘက်က ကျနော်တို့နေတဲ့ဘက်ကို ထိုးဝင်လာလို့ ဒါကလည်း ခုခံတိုက်ပွဲပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

(KIA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CJ)
(KIA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CJ)

▪︎မံစီမြို့နယ်တွင်လည်းတိုက်ပွဲဖြစ်ပွား​နေ

ရှမ်းပြည်နယ် မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၆) တပ်ရင်း(၉)နယ်မြေသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ယနေ့ မနက်အထိ တိုက်ပွဲဖြစ်ပွားနေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တိုက်ပွဲဖြစ်တာကတော့ အတည်ပြုပြောလို့ရပါတယ်။ နှစ်ရက်လောက်ရှိပါပြီ။ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီထင်တယ်။ ဒီနေ့လည်း မနက် ၇နာရီလောက်ကနေ တိုက်ပွဲပြန်ဖြစ်တာရှိပါတယ်။သူတို့ အကြောင်းကြားလာတာကတော့ စစ်ကောင်စီဘက်က တပ်ရင်း(၉)နယ်မြေဘက်မှာ စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးပြီးမှ စစ်ဆင်ရေးလုပ်တယ် အဲဒါကြောင့် ကျနော်တို့ ခုခံတိုက်ပွဲတွေပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါတိုက်ပွဲ၌ထိခိုက်ကျဆုံးရှိမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး အရေအတွက် ကို မဖြေကြားနိုင်သေးဟု ပြောသည်။

KIA တပ်ရင်း (၉)နယ်မြေတွင် ဖေဖော်ဝါရီ ၉ရက်ကလည်း စစ်ကောင်စီယာဉ်တန်းကို KIAက တိုက်ခိုက်ခဲ့သည်။ ကွတ်ခိုင်မှ စစ်အင်အား လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၀ရက်ကလည်း ကွတ်ခိုင်နှင့် နမ့်ဖက်ကာ ကြားတွင် စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားသည်။

KIA တပ်ရင်း(၂၇)နယ်မြေကချင်ပြည်နယ်မံစီမြို့နယ်၌လည်းKIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်။

“မံဝိန်းကြီးနားလောက်မှာ ဖြစ်မှာပါ။ မံစီမြို့နယ်တော့ ဟုတ်ပါတယ်။ အဲဒါကလည်း စစ်ကောင်စီဘက်က ကျနော်တို့နေတဲ့ဘက်ကို ထိုးဝင်လာလို့ ဒါကလည်း ခုခံတိုက်ပွဲပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် ပူးပေါင်းပြီးလည်း စစ်ကိုင်းတိုင်းနှင့်ကချင်ဒေသ ၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

You May Also Like

သတင်း

"ဒီနေ့မနက် ဂျက်ဖိုက်တာ တစ်စီးလာသွားတယ်။ နားဖိုင်ဘက်ဖြစ်မယ်။ မနေ့ကလည်း တော်တော်ကြမ်းတယ်။ မနေ့က နမ့်ဖက်ကာ ဘက်မှာ ဟိုဘက်(KIA) ကလည်း တွယ်တယ် ဒီဘက်(နမ့်ဖက်ကာ စစ်ကောင်စီတပ်)ကလည်း အကြီး(လက်နက်ကြီး)တွေနဲ့ ပြန်ထုတယ်။ အသေး(လက်နက်ငယ်)သံတွေလည်းကြားရတယ်”ဟု ဒေသခံက ပြောသည်။

သတင်း

ခင်ဦးမြို့နယ်မြောက်ခြမ်း၊ အရှေ့ခြမ်းနှင့်အရှေ့တောင်ခြမ်းရှိ ကျေးရွာများမှ ဒေသခံများသည် ဖေဖော်ဝါရီ၁၁ရက်မှစ၍ ယနေ့နံနက်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးများ အခက်အခဲတွေ့နေကြောင်း သတင်းရရှိသည်​။

သတင်း

ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၈ နာရီခန့်က ကနီမြို့ အလယ်ကျွန်းပျုရွာသို့ လှည်း ခြောက်စီးဖြငင့် ရိက္ခာပို့သွားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ကျောက်လုံးကြီး KLG တပ်မဟာက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်ကကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်၍ ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။