Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြေစာပုံပြိုကျမှုသေဆုံးသူ ခြောက်ဦးအထိရှိလာ

ဖားကန့်တွင် ဇန်နဝါရီ ၃၀ရက်ကလည်း ပေ တစ်ရာခန့်မြင့်သော ကျောက်ကမ်းပါးယံတစ်ခုပြိုကျပြီးရေမဆေးကျောက်ရှာသူ (၄) ဦးသေဆုံးခဲ့သည်။

(​မြေစာပုံပြိုကျ၍ ​ပျောက်ဆုံး​နေသူများကိုရှာ​ဖွေကယ်ဆယ်​ရေးပြု​နေကြစဥ်။ ။ဓါတ်ပုံ-CJ)
(​မြေစာပုံပြိုကျ၍ ​ပျောက်ဆုံး​နေသူများကိုရှာ​ဖွေကယ်ဆယ်​ရေးပြု​နေကြစဥ်။ ။ဓါတ်ပုံ-CJ)

ဖားကန့်မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ခြောက် ဦးအထိရှိလာပြီး ပျောက်ဆုံးနေသူအချို့ရှိနေသေးကြောင်း ဒေသခံများကပြောသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေမှော်တွင် ဖေဖော်ဝါရီ ၁၂ရက်ညက ပေ ၃၀၀ ခန့်အမြင့်ရှိသည့်မြေစာပုံပြိုကျခဲ့သည်။ယမန်နေ့( ဖေဖော်ဝါရီ ၁၄ရက်)ညအထိ ရှာဖွေမှုတွင် ရုပ်အလောင်း ခြောက်လောင်းတွေ့ရှိထား​ကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်နေသူများကပြောသည်။

(​မြေစာပုံပြိုကျ၍ ​ပျောက်ဆုံး​နေသူများကိုရှာ​ဖွေကယ်ဆယ်​ရေးပြု​နေကြစဥ်။ ။ဓါတ်ပုံ-CJ)
(​မြေစာပုံပြိုကျ၍ ​ပျောက်ဆုံး​နေသူများကိုရှာ​ဖွေကယ်ဆယ်​ရေးပြု​နေကြစဥ်။ ။ဓါတ်ပုံ-CJ)

” အလောင်းက ခြောက်လောင်းရှိပြီ။ ဆက်ရှိနေနိုင်သေးလို့ ရှာနေကြဆဲပါ” ဟုရှာဖွေကယ်ဆယ်ရေးလုပ်နေသူများတစ်ဦးကပြောသည်။

မြေစာပုံပြိုကျမှုဖြစ်စဉ်တွင် ရေမဆေးကျောက်ရှာဖွေသူ ၁၀ ဦး ထက်မနည်း မြေပိပျောက်ဆုံးသွားကြောင်း ဒေသခံများကပြောကြားသော်လည်းယင်းထက်ပင်များနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

ဖားကန့်တွင် ဇန်နဝါရီ ၃၀ရက်ကလည်း ပေ တစ်ရာခန့်မြင့်သော ကျောက်ကမ်းပါးယံတစ်ခုပြိုကျပြီးရေမဆေးကျောက်ရှာသူ (၄) ဦးသေဆုံးခဲ့သည်။

You May Also Like

သတင်း

ယမန်နေ့ကပင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျားဘေကျေးရွာနှင့် ဘဲကျရွာကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ဘဲကျရွာမှ ပြည်သူနှစ်ဦး လက်နက်ကြီးကျည်အပိုင်းအစများထိမှန် ဒဏ်ရာရခဲ့သည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ ရက်) ည ၈ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ဂိတ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား အသံမိုင်းခွဲကာ မျှားခေါ်ခဲ့သည်။

ဗီဒီယို

ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ခဲ့တဲ့ နောက်ပိုင်း ကာလတလျှောက် ရုရှား အစိုးရနဲ့ ဆက်စပ်မှုရှိတဲ့ ရာထူးကြီး ပုဂ္ဂိုလ်တွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ အတော်များများ ဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ကျားရွာကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီအတွင်းက ပထမဆုံးအကြိမ် ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ၂၀၂၂ ဧပြီတွင်လည်း ဒုတိယအကြိမ်မြောက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။