Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒဂုံဆိပ်ကမ်း မှာ ရာအိမ်မှူးတွေစုဝေးနေချိန်ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံး ပြီး ၄ ဦးဒဏ်ရာရ

ဒီပစ်ခတ်မှုကို ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ အတည်ပြု ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဒဂုံဆိပ်ကမ်း မှာ ရာအိမ်မှူးတွေစုဝေးနေချိန်ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံး ပြီး ၄ ဦးဒဏ်ရာရ
ဒဂုံဆိပ်ကမ်း မှာ ရာအိမ်မှူးတွေစုဝေးနေချိန်ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံး ပြီး ၄ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၊၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ရာအိမ်မှူးတွေစုဝေးနေချိန် မနေ့ညနေပိုင်းကပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရသွားပါတယ်။

သေဆုံးသွားတဲ့ ရာအိမ်မှူး ၂ ဦးဟာ အသက် ၄၆ နှစ်အရွယ် နဲ့ အသက် ၆၀ အရွယ်တွေရှိကြပါပြီ။

ဒဏ်ရာရသူ ၄ ဦးမှာ ရာအိမ်မှူး ၂ ဦး ၊ဆယ်အိမ်မှူး ၁ဦးနဲ့ ဆိုင်ကယ်ကယ်ရီသမားတို့ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

ဒဏ်ရာရသူ ရာအိမ်မှူး ၂ ဦးအနက် ၁ ဦးဟာအသက် ၂၈ နှစ်အရွယ်အမျိုးသမီးရာအိမ်မှူးဖြစ်ပါတယ်။

ဒီလို ရာအိမ်မှူးတွေစုဝေးနေချိန် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာ သေနတ်အတိုကိုင်ထားတဲ့အမျိုးသား ၃ ဦး ရုံးထဲဝင်လာပြီး ပစ်သွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။

ဒီပစ်ခတ်မှုကို ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ အတည်ပြု ထုတ်ပြန်ထားတာတွေ့ရပါတယ်။

Facebook

You May Also Like

သတင်း

KNLA တပ်မဟာ(၁)နယ်မြေဖြစ်သည့် သထုံ၊ ကျိုက်ထို၊ ဘီးလင်း ဒေသများ၌ စစ်ကောင်စီယာဉ်တန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ ခြုံခိုတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)နံနက် ၁၁နာရီခွဲခန့်က ဝက်လက်မြို့ပေါ်ရှိ ပျူစောထီးများနေထိုင်သော နေအိမ် ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူနှစ်ဦးသေဆုံးခဲ့ကြောင်း PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၁၃ရက်က ဆားလင်းကြီးမြို့နယ်တစ်နေရာရှိ စစ်ကောင်စီကင်းစခန်းတစ်ခုအား ဆားလင်းကြီးအခြေစိုက် NRG-PDFအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။

သတင်း

ယင်းပစ်ခတ်မှုကြောင့် ကြီးမြင့်သည် သေနတ်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး သာယာဝတီဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၁၅ရက်တွင် စိုးရိမ်ရလူနာအဖြစ် ပို့ဆောင်လိုက်ရကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။