Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ်သားခြောက်ဦးခန့်သေ၊ လက်နက်နှင့်ကျည်များသိမ်းဆည်းရမိ

ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီမှ ကင်းပတ်ရန်ထွက်‌ခွာနေစဥ် ယမန်နေ့(ဖေဖော်ဝါရီ ၁၉ရက်) ညနေ ၅နာရီ ၂၅မိနစ်မှ ညနေ ၆နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(ယမန်နေ့က ကုန်းသာကျေးရွာတိုက်ပွဲ၌ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများအား တွေ့ရစဥ်)
(ယမန်နေ့က ကုန်းသာကျေးရွာတိုက်ပွဲ၌ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများအား တွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးခန့်သေဆုံးပြီး လက်နက်နှင့်ကျည်များသိမ်းဆည်းရမိကြောင်း ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU) တာဝန်ရှိသူက ပြောသည်။

ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီမှ ကင်းပတ်ရန်ထွက်‌ခွာနေစဥ် ယမန်နေ့(ဖေဖော်ဝါရီ ၁၉ရက်) ညနေ ၅နာရီ ၂၅မိနစ်မှ ညနေ ၆နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို တပ်ပေါင်းစုဘက်မှ စတင်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ‌ခြောက်ဦးခန့်သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

“ကုန်းသာဘက်ကနေ ထွက်လာတဲ့အချိန်စောင့်ပြီး ပစ်တာ။ စကစ အယောက် ၂၀လောက်ရှိမယ်။စကစဘက်က အထိနာတော့ လက်နက်ကြီးပစ်ကူပေးခဲ့ရတယ်။အဲဒါကြောင့် အောင်မြင်စွာနဲ့ခွာစစ်ဆင်နိုင်ခဲ့တယ်”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယင်းပစ်ခတ်မှုအတွင်း ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)ဘက်မှ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲအတွင်း ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)မှ MA-1 သေနတ်တစ်လတ် ၊ ကျည်ဘောက် သုံးဘောက် ၊ ကျည် ၂၂၅တောင့်ကို ရယူနိုင်ခဲ့သည်။

ထို့အပြင် ယမန်နေ့ကလည်း ရှမ်း – ကရင်နီနယ်စပ်တွင် ကရင်နီတပ်မတော်(KA)က စစ်ကောင်စီတပ်သား ငါးဦးဖမ်းဆီးမိပြီး၊ ခြောက်ဦးသေဆုံးကြောင်းနှင့်အတူ လက်နက်မျိုးစုံ(၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။

Facebook

You May Also Like

သတင်း

အာဏာသိမ်းမှုတွင် တာဝန်ရှိသူများနှင့် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကျူးလွန်သူများသည် ယင်းတို့၏ လုပ်ရပ်များအတွက် တာဝန်ခံမှု ရှိစေရမည်ဟု ဥရောပသမဂ္ဂက ဆိုသည်။

သတင်း

“၈နာရီလောက်ဝန်းကျင်မှာ လေကြောင်း တိုက်ခိုက်မှုက ရဟတ်ယာဉ်နဲ့ တစ်ကြိမ်၊ ဂျက်လေယာဉ်နဲ့ တစ်ကြိမ် နှစ်ကြိမ်လာရောက်တိုက်ခိုက်တယ်။ ကျောက်မဲဘက်ကလည်း လက်နက်ကြီးလှမ်းပစ်တယ်” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

သတင်း

ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်)နံနက်တွင် စစ်ကောင်စီတပ်က အင်အား ၆၀ဖြင့် TNLA စခန်းရှိရာ တပ်ကုန်းသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

KNLA တပ်မဟာ(၁)နယ်မြေဖြစ်သည့် သထုံ၊ ကျိုက်ထို၊ ဘီးလင်း ဒေသများ၌ စစ်ကောင်စီယာဉ်တန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ ခြုံခိုတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။