Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်မဲ၌ TNLA နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်)နံနက်တွင် စစ်ကောင်စီတပ်က အင်အား ၆၀ဖြင့် TNLA စခန်းရှိရာ တပ်ကုန်းသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA

စစ်ကောင်စီတပ် ၁၅ဦးသေ၊ လက်နက်များရဟုTNLAထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တအာင်းတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ၁၅ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။

ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်)နံနက်တွင် စစ်ကောင်စီတပ်က အင်အား ၆၀ဖြင့် TNLA စခန်းရှိရာ တပ်ကုန်းသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – TNLA

တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ လက်နက်ကြီးတို့ ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ ၂နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ စက်သေနတ်တစ်လက်၊ RPG တစ် လက်၊ သေနတ်နှစ်လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများရရှိခဲ့ကြောင်း အသိပေးထားသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – TNLA

စစ်ကောင်စီတပ်က ၁၅ဦးသေ၊ ၅ဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပြီး TNLA ဘက်မှ ထိခိုက်မှုရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။ တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA သတင်းနှင့် ပြန်ကြားရေးဌာနသို့ ဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ပန်ဝိုးကြီးရွာမှ နေအိမ် နှစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လက်ရှိတွင် နန်ခုံရွာ၌ ဆက်လက်တပ်စွဲထားကြောင်း ဖော်ပြသည်။

Facebook

You May Also Like

သတင်း

အာဏာသိမ်းမှုတွင် တာဝန်ရှိသူများနှင့် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကျူးလွန်သူများသည် ယင်းတို့၏ လုပ်ရပ်များအတွက် တာဝန်ခံမှု ရှိစေရမည်ဟု ဥရောပသမဂ္ဂက ဆိုသည်။

သတင်း

“၈နာရီလောက်ဝန်းကျင်မှာ လေကြောင်း တိုက်ခိုက်မှုက ရဟတ်ယာဉ်နဲ့ တစ်ကြိမ်၊ ဂျက်လေယာဉ်နဲ့ တစ်ကြိမ် နှစ်ကြိမ်လာရောက်တိုက်ခိုက်တယ်။ ကျောက်မဲဘက်ကလည်း လက်နက်ကြီးလှမ်းပစ်တယ်” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

သတင်း

KNLA တပ်မဟာ(၁)နယ်မြေဖြစ်သည့် သထုံ၊ ကျိုက်ထို၊ ဘီးလင်း ဒေသများ၌ စစ်ကောင်စီယာဉ်တန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ ခြုံခိုတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

သတင်း

ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီမှ ကင်းပတ်ရန်ထွက်‌ခွာနေစဥ် ယမန်နေ့(ဖေဖော်ဝါရီ ၁၉ရက်) ညနေ ၅နာရီ ၂၅မိနစ်မှ ညနေ ၆နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။