Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနှင့်ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၉ဦးနှင့် အဖွဲ့အစည်း ၇ခုအပေါ် အီးယူ ပိတ်ဆို့အရေးယူမှုများချမှတ်

အာဏာသိမ်းမှုတွင် တာဝန်ရှိသူများနှင့် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကျူးလွန်သူများသည် ယင်းတို့၏ လုပ်ရပ်များအတွက် တာဝန်ခံမှု ရှိစေရမည်ဟု ဥရောပသမဂ္ဂက ဆိုသည်။

ကျဆုံးသွားသည့် မမြသွဲ့သွဲ့ခိုင်၏ ရုပ်ပုံအား ကိုင်ဆောင်ဆန္ဒပြနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
ကျဆုံးသွားသည့် မမြသွဲ့သွဲ့ခိုင်၏ ရုပ်ပုံအား ကိုင်ဆောင်ဆန္ဒပြနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

ဥရောပသမဂ္ဂသည် မြန်မာစစ်တပ်မှအရာရှိကြီးများအပါအဝင် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွှယ်သူ ၉ဦးနှင့် အဖွဲ့အစည်း ၇ခုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်အုပ်စုအပေါ် ဥရောပသမဂ္ဂ၏ ဆဋ္ဌမမြောက် ပိတ်ဆို့အရေးယူခြင်းဖြစ်ပြီး ပြစ်ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသူများတွင် စွမ်းအင်ဝန်ကြီးနှင့် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုကို လက်နက် ကိရိယာများ နှင့် စစ်ဖက် – အရပ်ဖက် နှစ်သွယ်သုံးပစ္စည်းနှင့် နည်းပညာများ (dual-use goods)ပံ့ပိုးပေးသည့် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်များ၊ စစ်ကောင်စီနှင့် အနီးကပ် ဆက်စပ်နေသည့် မြန်မာစစ်တပ်မှ အဆင့်မြင့် အရာရှိများ ပါဝင်ကြောင်း ဖော်ပြသည်။

လွန်ခဲ့သည့် ၂ နှစ်က အသက် (၂၀) အရွယ် မြသွဲ့သွဲ့ခိုင်သည် မြန်မာ့အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲအတွင်း ပစ်သတ်ခံခဲ့ရပြီး စစ်တပ်၏ ဒီမိုကရေစီစနစ်ကို ဖိနှိပ်ချုပ်ချယ်ရာတွင် ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့သော လူ့အသက်ပေါင်းများစွာအနက်မှ ပထမဦးဆုံးဖြစ်ပါသည်။ ယနေ့တွင် ဥရောပသမဂ္ဂသည် ဆဋ္ဌမအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုများကို သဘောတူချမှတ်လိုက်ပြီး အကြမ်းဖက်မှုများ ရပ်တန့်ရမည်ဟု တိုက်တွန်းသည်။

ထို့အပြင် အဆိုပါအရေးယူဆောင်ရွက်ချက်များသည် စစ်ကောင်စီကို တရားဝင်ဖြစ်စေရန် နည်းလမ်းတစ်ခုအဖြစ် ယူဆနိုင်သည့် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအစိုးရကို ဘဏ္ဍာရေးအကူအညီများ ရပ်တန့်ခြင်းနှင့် ဥရောပသမဂ္ဂ၏အကူအညီအားလုံးကို ဆိုင်းငံ့ခြင်းကို ထပ်မံအားဖြည့်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အာဏာသိမ်းမှုတွင် တာဝန်ရှိသူများနှင့် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကျူးလွန်သူများသည် ယင်းတို့၏ လုပ်ရပ်များအတွက် တာဝန်ခံမှု ရှိစေရမည်ဟု ဥရောပသမဂ္ဂက ဆိုသည်။

ဥရောပသမဂ္ဂသည် စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများကို အထောက်အပံ့ ဖြစ်စေသည့် စစ်လက်နက် ပစ္စည်းများ ရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းတို့ကို ရပ်တန့်စေရန်အတွက် လက်နက်ပိတ်ဆို့မှု အပါအဝင် နိုင်ငံတကာ၏ ကြိုတင်ကာကွယ်မှု လုပ်ငန်းရပ်များကို တိုးမြှင့်လုပ်ဆောင်ရန် ထပ်မံတောင်းဆိုသည်။

ယင်းနောက် လိင်နှင့် ကျား-မအခြေပြုအကြမ်းဖက်မှု ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် သတင်းထောက်များကို နှိပ်စက်ညှဉ်းပန်းမှု ၊ အရပ်သားများကို တိုက်ခိုက်မှုများ ၊ ကလေးသူငယ်များနှင့် နိုင်ငံတဝှမ်းရှိ လူမျိုးရေး၊ ဘာသာရေး လူနည်းစုများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ နှင့် ကျောင်းများနှင့် ဆေးရုံများအပါအဝင် မကြာသေးမီက အရပ်သားပစ်မှတ်များကို အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း ဖော်ပြသည်။

ကျဆုံးသွားသည့် မမြသွဲ့သွဲ့ခိုင်၏ ရုပ်ပုံအား ကိုင်ဆောင်ဆန္ဒပြနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – CJ

Facebook

You May Also Like

သတင်း

ကျောက်မဲမြို့နယ်ဟာ TNLA လှုပ်ရှားရာနယ်မြေဖြစ်ပြီး အဲဒီဒေသထဲ စစ်ကောင်စီစစ်ကြောင်းဝင်လာ လို့တိုက်ပွဲဖြစ်တာလို့ TNLA ဘက်ကဆိုထားပါတယ်။

သတင်း

KNU တပ်မဟာ(၁)နယ်မြေရှိ သထုံ- ဘီးလင်း- ကျိုက်ထို လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

သတင်း

စစ်ကောင်စီတပ်သားနှစ်ဦးသည် MA-3 သေနတ် ၂လက်၊ ကျည် ၆၇၄တောင့် ၊ ကျည်အိမ် ၉ခု၊ လက်ပစ်ဗုံး လေးလုံးနှင့် (၆၀)မမ ဗုံးသီး သုံးခုတို့ကို CDF-ဟားခါးထံ အပ်နှံခဲ့သည်။

သတင်း

ယခုတစ်ပတ်အတွင်း ရန်ကုန်-နေပြည်တော် တိုးဂိတ် အပါအဝင် အဝေးပြေးကားဝန်း နှင့် နယ်မြေအလိုက် စစ်ဆေးမှုများကို လုံခြုံ​ရေးစည်း ၂ စည်းဖြင့်စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်နေသည်ဟု သိရသည်။