Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့သို့ PDF ၅၀၀ ဦးလာ​တော့မည်ဆိုကာ စစ်​ကောင်စီလုံခြုံ​ရေးတိုးမြှင့်​နေ

ယခုတစ်ပတ်အတွင်း ရန်ကုန်-နေပြည်တော် တိုးဂိတ် အပါအဝင် အဝေးပြေးကားဝန်း နှင့် နယ်မြေအလိုက် စစ်ဆေးမှုများကို လုံခြုံ​ရေးစည်း ၂ စည်းဖြင့်စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်နေသည်ဟု သိရသည်။

(ရန်ကုန်တွင် ညပိုင်း၌ဧည့်စာရင်းလိုက်စစ်​နေ​သောစစ်​ကောင်စီတပ်၊ရဲနှင့်အုပ်ကြီးအချို့ကို ၂၀၂၁ က​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ရန်ကုန်တွင် ညပိုင်း၌ဧည့်စာရင်းလိုက်စစ်​နေ​သောစစ်​ကောင်စီတပ်၊ရဲနှင့်အုပ်ကြီးအချို့ကို ၂၀၂၁ က​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

▪︎မြို့အဝင်မှအ​ဝေး​ပြေးကာဝန်းအထိ့နှင့် ​ခြောက်​ကွေ့ အထိ့ပါလုံခြုံ​ရေးများချထားဟုသိရ

ရန်ကုန်မြို့သို့ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ ဝင်(PDF) ၅၀၀ဦး ဝင်လာမည့် သတင်းကြောင့် ရန်ကုန်မြို့ တွင်း တပ်လှန့်ထားကြောင်း စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်များက People’s Spring သတင်းဌာနသို့ ပြောသည်။

ယခုတစ်ပတ်အတွင်း ရန်ကုန်-နေပြည်တော် တိုးဂိတ် အပါအဝင် အဝေးပြေးကားဝန်း နှင့် နယ်မြေအလိုက် စစ်ဆေးမှုများကို လုံခြုံ​ရေးစည်း ၂ စည်းဖြင့်စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်နေသည်ဟု သိရသည်။

(ရန်ကုန်တွင် ညပိုင်း၌ဧည့်စာရင်းလိုက်စစ်​နေ​သောစစ်​ကောင်စီတပ်၊ရဲနှင့်အုပ်ကြီးအချို့ကို ၂၀၂၁ က​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ရန်ကုန်တွင် ညပိုင်း၌ဧည့်စာရင်းလိုက်စစ်​နေ​သောစစ်​ကောင်စီတပ်၊ရဲနှင့်အုပ်ကြီးအချို့ကို ၂၀၂၁ က​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

“အဓိကတော့ တိုးဂိတ်ကနေ အဝေးပြေးဝင်းအထိလမ်းကြောတစ်လျှောက်မှာ အရပ်ဝတ်ရော၊ တိုင်းတပ်ရင်းကပါ စောင့်နေတာရှိတယ်။ပြီးတော့ အဝေးပြေးကနေကျော်လာနိုင်ရင်ထပ်ဆင့် စစ်ဆေးနိုင်ဖို့ ခြောက်ကွေ့ အထိပါ လုံခြုံရေးချထားတယ်”ဟု ရန်ကုန်တိုင်း၌ လုံခြုံရေးတာဝန်ယူထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့​ပြောသည်။

အလားတူ ရန်ကုန်တိုင်းရှိ နယ်မြေအလိုက် လူစာရင်း ဝင်ရောက်လာမှုကို သေချာစိစစ်တင်းကြပ်ရန်လည်း အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားကြောင်းလည်း စစ်ကောင်စီ၏ သီးခြားသတင်းရင်းမြစ်က အသိပေးသည်။

“သတင်းအရတော့ PDF တွေအနေနဲ့ လူအင်အားဖြည့်ပြီး နောက် နှစ်လ လောက်အတွင်း ရန်ကုန်မှာ ကြီးမားတဲ့ ဖောက်ခွဲမှု ဒါမှမဟုတ် တိုက်ခိုက်မှု ရှိမယ်ဆိုပြီး သတင်းအတိအကျ ရတယ်လို့သိရတယ်”ဟု ၎င်းကဆိုသည်။

ယခု ရက်ပိုင်းတွင် ရန်ကုန်မြို့၌ ဒဂုံဆိပ်ကမ်း၊ သာကေတနှင့်သန်လျင် တို့တွင် စစ်ကောင်စီ ၏ အုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူးနှင့် လက်နက်ကိုင် ပျူစောထီး အချို့ ကိုPDFများကဆက်တိုက်ပစ်ခတ်ရှင်းလင်းခဲ့သည်။ထို​ကြောင့် စစ်​ကောင်စီသည် ရန်ကုန်တွင်ပိတ်ဆို့ရှာ​ဖွေမှုများပိုမိုပြုလုပ်​နေသည်။

Facebook

You May Also Like

သတင်း

ကျောက်မဲမြို့နယ်ဟာ TNLA လှုပ်ရှားရာနယ်မြေဖြစ်ပြီး အဲဒီဒေသထဲ စစ်ကောင်စီစစ်ကြောင်းဝင်လာ လို့တိုက်ပွဲဖြစ်တာလို့ TNLA ဘက်ကဆိုထားပါတယ်။

သတင်း

KNU တပ်မဟာ(၁)နယ်မြေရှိ သထုံ- ဘီးလင်း- ကျိုက်ထို လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

သတင်း

စစ်ကောင်စီတပ်သားနှစ်ဦးသည် MA-3 သေနတ် ၂လက်၊ ကျည် ၆၇၄တောင့် ၊ ကျည်အိမ် ၉ခု၊ လက်ပစ်ဗုံး လေးလုံးနှင့် (၆၀)မမ ဗုံးသီး သုံးခုတို့ကို CDF-ဟားခါးထံ အပ်နှံခဲ့သည်။

သတင်း

အာဏာသိမ်းမှုတွင် တာဝန်ရှိသူများနှင့် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကျူးလွန်သူများသည် ယင်းတို့၏ လုပ်ရပ်များအတွက် တာဝန်ခံမှု ရှိစေရမည်ဟု ဥရောပသမဂ္ဂက ဆိုသည်။